ဂျူဗင်တပ်စ်က ဆာဆူအိုလိုကို ၃ ဂိုးပြတ် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

ပြီးခဲ့တဲ့ ပွဲစဉ်မှာ မထင်မှတ်ဘဲ ပါးမားနဲ့ သရေကျခဲ့လို့ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ စီးရီးအေချန်ပီယံတို့ အခုတပတ်ပွဲစဉ်မှာတော့ ဆာဆူအိုလိုကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ရှင်အသင်းကို တဖက်သတ် ဖိအားပေးကစားသွားနိုင်ခဲ့ပြီး ခီဒီရာ၊ ရော်နယ်ဒို၊ အမ်မရီချန်တို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ၁ ဂိုးသွင်းပြီး ဂိုးသွင်းခွင့် ၁ ကြိမ် ဖန်တီးပေးခဲ့တဲ့ ရော်နယ်ဒိုဟာ စီးရီးအေသွင်းဂိုး ၁၈ ဂိုးထိ ရှိလာခဲ့ပြီး ရာသီကုန်ဂိုးသွင်းဘုရင်ဆုအတွက် ဒုတိယနေရာက အက်တလန်တာတိုက်စစ်မှူး ဇာပါတာကို ၂ ဂိုးအသာနဲ့ ဦးဆောင်သွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာလည်း ဒုတိယနေရာက နာပိုလီအသင်းကို ၁၁ မှတ်ထိ အမှတ်ဖြတ်နိုင်ခဲ့ပါတယ်။ နိုင်ပွဲပြန်လည်ရရှိခဲ့တာနဲ့ ပတ်သက်လို့ နည်းပြအယ်လီဂရီက ဂိုးပြတ်နိုင်ပွဲအတွက် ပျော်ရွှင်မိကြောင်း၊ ပေးဂိုးမရှိခဲ့သလို ဒိုင်ဘာလာနဲ့ ရော်နယ်ဒို တွဲဖက်ကစားနိုင်တာကို မြင်တွေ့ခဲ့ရလို့ ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up