စပါးက လက်စတာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိ (ရုပ်သံ)

846
၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ကုန်ဆုံးဖို့ တဖြည်းဖြည်းနီးကပ်လာချိန်မှာတော့ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာသလို သက်ဆိုင်ရာ ဥရောပဝင်ခွင့်တွေအတွက် အသည်းအသန်ကြိုးပမ်းနေချိန်မှာ အမှတ်ပေးဇယား အဆင့် ၃ နေရာက စပါးအသင်းကတော့ နိုင်ပွဲဆက်နေခဲ့ပါတယ်။
ကိန်း၊ အလီ စတဲ့ အားထားရတဲ့ ကစားသမားတွေ ဒဏ်ရာရရှိနေချိန်မှာ လောရန်တေး၊ ဆွန်ယောင်မင်တို့ဟာ အကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပါတယ်။
ဧည့်သည်လက်စတာကို သူတင်ကိုယ်တင်ကစားခဲ့ရပေမယ့် ပွဲအပြီးမှာတော့ ၃ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရရှိပြီး ရမှတ်တွေ စုဆောင်းနိုင်ခဲ့ပါတယ်။
လက်စတာအသင်းကတော့ တိုက်စစ်မှူး ဗာဒီ ပင်နယ်တီလွဲချော်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ ထိ ရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်းအတွက်ဂိုးတွေကိုတော့ ပွဲကစားချိန် ၃၃ မိနစ်မှာ ဆန်းချက်ဇ်၊ ၆၃ မိနစ်မှာ အဲရစ်ခ်ဆင်နဲ့ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပိုမှာ ဆွန်ယောင်မင်တို့က သွင်းယူပေးခဲ့ပါတယ်။
လက်စတာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၆ မိနစ်မှာ ဗာဒီက သွင်းယူပေးခဲ့ပါတယ်။
စပါးအသင်းဟာ အမှတ်ပေးဇယားမှာ ရမှတ် ၆၀ နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး လက်စတာအသင်းကတော့ ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။