ဂါရက်ဘေးလ် ရီးရဲလ်အတွက် သွင်းဂိုး ၁၀၀ ပြည့်ပြီ

အက်သလက်တီကို မက်ဒရစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးသွင်းယူပေးခဲ့တဲ့ ဂါရက်ဘေးလ်ဟာ ရီးရဲမက်ဒရစ်အသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူပေးခဲ့တဲ့ ကစားသမား အယောက် ၂၀ စာရင်းလည်း ဝင်သွားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တဲ့ ကတ်စမဲရိုးဟာလည်း ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရရှိခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းဟာလည်း အက်သလက်တီကို မက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီး အဆင့် ၂ နေရာကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းနဲ့လည်း တပွဲပိုကစား ၅ မှတ်သာ ကွာဟတော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ အသင်းကနေ ရော်နယ်ဒို ထွက်ခွာသွားချိန်မှာ ဂါရက်ဘေးလ်အနေနဲ့ ခြေစွမ်းမပြနိုင်ခြင်းကြောင့် ပရိသတ်တွေက ဝေဖန်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဘေးလ်ဟာ အသင်းရဲ့ အရေးပါတဲ့ ဂိုးတွေကို သွင်းယူပေးနေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up