ထိုင်ဝမ်အခြေစိုက် တရုတ်လေကြောင်းလိုင်း ၂၆ ခုကို ဖျက်သိမ်းသွားမည်

1K
ထိုင်ဝမ်အခြေစိုက် တရုတ်လေကြောင်းလိုင်းတွေဟာ ထိုင်ဝမ်ကနေ သောကြာမနက် ၆ နာရီက စပြီး တနင်္ဂနွေထိ ပြေးဆွဲမယ့် လေကြောင်းခရီးစဉ် ၂၆ ခုကို ဖျက်သိမ်းမယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
ဖျက်သိမ်းခံ လေကြောင်းခရီးစဉ်တွေထဲမှာ ထိုင်ဝမ်ကနေ ပေကျင်း၊ ရှန်ဟိုင်း၊ ဝူရှီ၊ ကွမ်ကျိုး၊ ရှန်းကျန်း၊ ဟောင်ကောင်၊ တိုကျိုနဲ့ ဘန်ကောက်မြို့တွေဆီသွားမယ့် ခရီးစဉ်တွေ ပါပါတယ်။
တရုတ်လေကြောင်းလိုင်းတွေက လေယာဉ်မှူးများသမဂ္ဂ တောင်းယွမ်က သောကြာနေ့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ လေကြောင်းလိုင်းက လေယာဉ်မှူး အများအပြားဟာ ခရီးဝေးပျံသန်းမှုအတွင်း နာရီအကြာကြီး လေယာဉ်မောင်းရတာကို မကျေမနပ် ပြောခဲ့ကြတာပါ။
လေယာဉ်မှူးတွေရဲ့ ကိုယ်စားလှယ်တွေကလည်း လေကြောင်းခရီးစဉ် ဘေးကင်းရေးနဲ့ အလွန်အကျွံ အလုပ်လုပ်ရတာကို ငြင်းဆိုရေး ဆော်သြခဲ့ပါတယ်။
လုပ်ငန်းခွင် ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး လေကြောင်းလိုင်း မန်နေဂျာတွေကို အစားထိုးတာနဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို အကြပ်ကိုင်တာတွေ မလုပ်ဘဲ လေယာဉ်မှူး သင်တန်းနဲ့ ရာထူးတိုးမြှင့်တာတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ သမဂ္ဂအဖွဲ့ဝင်တွေက တောင်းဆိုကြပါတယ်။
အင်္ဂါနေ့ သပိတ်အတွက် အကြိုလေ့ကျင့်ရာမှာ လေယာဉ်မှူး အဖွဲ့ဝင် အယောက် ၉၀၀ ထဲက အယောက် ၇ဝဝ ကျော် ပါဝင်လေ့ကျင့်ခဲ့တာပါ။
လာမယ့် ရက်တွေအတွင်း ဆန္ဒပြသူဦးရေ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ တောင်းယွမ် သမဂ္ဂဟာ မြို့အစိုးရနဲ့ ၂၀၁၈ သြဂုတ်လအတွင်း ညှိနှိုင်းမှုအပြီးမှာ သပိတ်ကို တနှစ် ရပ်ဆိုင်းဖို့ သဘောတူခဲ့တာပါ။
ဒါပေမယ့် တောင်းဆိုချက်တွေကို လေကြောင်းလိုင်းတွေက လျစ်လျူရှုထားတယ်လို့ စွပ်စွဲပြီး ဒီလ အစောပိုင်းမှာ သပိတ်ပြန်စဖို့ သမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။