ရင်ဖွင့်စာ
DVB
·
February 10, 2019
အင်္ဂပူမြို့က ဂရန်မြေကွက်ပြုလုပ် ရောင်းစားမှုများကို ကြီးကြပ်ပေးပါ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့မှာ အင်္ဂလိပ်ခေတ်က မိုးရာသီ မိုးရေကြီးရေလျှံမှု ကာကွယ်ဖို့ တူးဖော်ထားရှိတဲ့ ရေစုမြေသားကန်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်မြေစာရင်း ဦးစီးဌာနနဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီဌာနတို့ ပူးပေါင်းမြေဖို့ပြီး ဂရန်မြေကွက်ပြုလုပ်ကာ မြေကွက် ရောင်းစားမှုတွေ ဖြစ်ပေါ်နေပါတယ်။ အမှတ် ၃ ရပ်ကွက် ဇေယျသုခလမ်းဘေးရှိ ရေစုကန် ၂ ကန်မှာ မြေဖို့ပြီး ဂရန်မြေကွက် ပြုလုပ်ရောင်းချပြီး ဖြစ်နေပါတယ်။ အခုလည်း မြို့ခံပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို မျက်ကွယ်ပြုပြီး အမှတ် ၃ ရပ်ကွက် ကျွန်းရွှေဝါလမ်းဘေးရှိ ရေစုကန်အား မြေဖို့ဖို့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ရပ်ကွက်အတွင်း ရပ်ကျေးဖွံဖြိုးရေးရန်ပုံငွေဆိုပြီး ရပ်ကွက်တွင်း အိမ်တိုင်းစေ့ လစဉ် ငွေကြေးကောက်ခံမှုတွေ ရှိနေလို့ အထက်ဌာနဆိုင်ရာ ထွေ/အုပ်မှ အမိန့်ပေးစေခိုင်းချက်ကြောင့်လားဆို ဒေသခံ ပြည်သူတွေက သိချင်နေကြပါတယ်။ အဆိုပါအချက်များအား  နိုင်ငံတော်သမ္မတ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် မြေယာစိစစ်ရေးကော်မတီ အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာ အရာရှိကြီးများမှ သိရှိ ကြီးကြပ်နိုင်ပေးစေရန်ပါရန် ဒီဗွီဘီမှတဆင့် တင်ပြလိုက်ရပါတယ်။ အင်္ဂပူမြို့ခံတဦး ဆိုင်ရာပိုင်ရာ လူကြီးမင်းများ လာစစ်ပေးပါ ကျနော်ကတော့ ရန်ကုန်းတိုင်းဒေသကြီး တောင်ဥက္ကလာပ စက်မှုဇုန်က စက်ရုံဝန်ထမ်းတဦးပါ။ နိုင်ငံတော်က တရက်လုပ်ခ အနည်းဆုံး ၄၈၀၀ သတ်မှတ်ထားသော်လည်း စက်ရုံအချို့မှာ တရက်လုပ်အားခ လစာ ၄၇၅၀ ရရှိနေကြပါတယ်။ အလုပ်ချိန်မှာလည်း မနက် ၈ နာရီမှ ည ၆ နာရီ အထိ လုပ်ဆောင်နေကြရပါတယ်။ နောက်ပြီး လစင်ဖူလုံရေးရုံးမှ ၂၉၀၀ ကိုလည်း ကောက်ခံနေပါတယ်။ စက်ရုံမှ တာဝန်ရှိသူပြောကြားချက်ကတော့ ကျန်းမာရေးအတွက် အထောက်အပံ့လို့ပြောပါတယ်။ တကယ်တမ်း ကျန်းမာရေး အမှန်တကယ် မကောင်းတဲ့အခါ ဘာအထောက်အပံ့မှလည်း မရရှိပါဘူးခင်ဗျာ။ အဲ့ဒီကိစ္စတွေကို အထက်ကဆိုင်ရာပိုင်ရာ လူကြီးမင်းများ လာရောက်စစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ စက်ရုံဝန်ထမ်းတဦး အနံ့အသက်ဆိုးများ ထွက်နေတဲ့ ရေကြည် အရက်ချက်စက်ရုံ ရေကြည်မြို့နယ်၊ ငှက်သိုက်ကျေးရွာရှိ စံချိန် အရက်ချက်စက်ရုံမှ အလွန်ဆိုးဝါးပြင်းထန်သော အနံ့အသက်ဆိုးများ ထွက်နေပါတယ်။ ပုသိမ် - မုံရွာ လမ်းဘေးမှာ ရှိနေပြီး ခဏဖြတ်သွားသူ ခရီးသည်များပင် နှာခေါင်းပိတ်သွားရတဲ့အထိပါ။  အဲဒီစက်ရုံအနားမှာ နေရတဲ့ ရွာသူရွာသားတွေ ရေရှည်မှာ ကျန်းမာရေး အလွန်ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက အမှန်တကယ် ဆောင်ရွက်ပေးစေဖို့ ဒီဗွီဘီမှတဆင့် ရင်ဖွင့်လိုက်ရပါတယ်။ မြို့ခံတဦး ကျနော်တို့ဘဝကို စာနာသောအားဖြင့် လမ်းဗိုလ်ကြီးကို အရေးယူပေးပါ ကျနော်တို့ မီးရထားဝန်ထမ်းတွေဟာ ၂၆၊ ၈၊ ၂၀၁၈ ရက်နေ့နဲ့ ၂၇၊ ၈၊ ၂၀၁၈ ရက်နေ့က ရထားတွဲ ၂၁ တွဲအား ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ မီးရထားသံ လမ်းနဲ့ မလွှကုန်း တို့မှာ ပင်ပန်းကြီးစွာ ကျောက်တွဲချ၊ ကျောက်ဇလီဖားများချပေးခဲ့ပေမယ့် လမ်းဗိုလ်ကြီးက ပိုက်ဆံလုံးဝမပေးပါ။ ထမင်းစားချိန်လည်းမပေး၊ ထမင်းဖိုးလည်း မပေးဘဲ ဝန်ထမ်းများအား အစာငတ် ရေငတ် ထားကာ အကျဉ်းသားသဖွယ် နှိပ်ကွပ်ခြင်းမျိုး ဆက်ဆံနေလို့ ကျနော်တို့ဘဝကို စာနာသောအားဖြင့် အရေးယူပေးဖို့ အထက်လူကြီးမင်းများအား အသနားခံတင်ပြလျှောက်ထားအပ်ပါတယ်။ ကျနော်တို့ မီးရထားဝန်ထမ်းများ ရုံးပိတ်ရက်စနေနေ့မှာ လူကြီးလမ်းကြောင်းရှိတယ်ဆိုပြီး စနေနေ့တိုင်း လုပ်ကိုင်ရလို့ ရက်ပျက် ဒါမှမဟုတ် ဖုန်းမကိုင်ပါက လမ်းဗိုလ်ကြီးက ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် လတိုင်း ဖြတ်ပါတယ်။ ဝန်ထမ်းတွေကိုလည်း ညှာတာထောက်ထားမှုမရှိဘဲ ကျောက်တွဲချတွေကိုလည်း ပိုက်ဆံမပေးဘဲ ခိုင်းနေတာကြောင့် တာဝန်ရှိသူတွေသိဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။ မီးရထားဝန်ထမ်းတဦး မှောင်မည်းနေတဲ့ တူမောင်းကျေးရွာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ရွာကလေးဟာ မဟာဓာတ်အားလိုင်းကြိုး တိုင်တွေနဲ့ ၂ မိုင်ကျော်ခန့်သာ ဝေးပါတယ်။ ဒါပေမယ့် တူမောင်းကျေးရွာလေးမှာတော့ မှောင်နဲ့မည်းမည်း ရှေးထုံးမပျက် ရေနံဆီမီးခွက်၊ ဖယောင်းတိုင်တွေကိုသာ ထွန်းညှိနေထိုင်နေရပြီး ကျောင်းသူ/သားတွေဟာ အလင်းရောင်မပြည့်မီတဲ့ ဆီမီး၊ ဖယောင်းတိုင်မီးတွေနဲ့သာ စာကျက်နေကြရပါတယ်။ ဒါကြောင့် တူမောင်းရွာအား ၂၄ နာရီ လျှပ်စစ်မီးရရှိစေဖို့ လေးစားစွာနဲ့ ဒီဗွီဘီကတဆင့် တောင်းခံလိုက်ပါသည်ခင်ဗျ။ ရွာသားတဦး အမှိုက်များနဲ့ ပြည့်နေတဲ့ သခွပ်ပလောင်ချောင်း ပဲခူးမြို့နယ် ညောင်အင်းကျေးရွာ နယ်မြေအတွင်းရှိ ပဲခူးစက်မှုဇုန်အနီး ဖြတ်သန်းသွားတဲ့ ပဲခူး- တိုက်ကြီး - ဖောင်ကြီး လမ်းပေါ်ရှိ သခွပ်ပလောင်ချောင်းတံတားမှာ အမှိုက်တွေ မိလ္လာအညစ်အကြေးတွေကို တံတားပေါ်နဲ့ တံတားပတ်လည် ချောင်းအထက်အောက်မှာ လာရောက် စွန့်ပစ်နေကြပြီး မိုးအခါ ချောင်းရေလျှံတာကြောင့် အမှိုက်နဲ့ အညစ်အကြေးတွေ တံတားအောက်ရှိ လယ်မြေတွေအတွင်း ၀င်ရောက်လာတကြောင့် ချောင်းရေ မသန့်တော့ပါ။ လယ်မြေတွေလည်း ပျက်စီးပြိး နွေအခါမှာလည်း အမှိုက်မီးရှို့တာဝေကာင့် ညှော်နံ့တွေ မခံမရပ်နိုင်အောင် ခံစားနေရလို့ တာဝန်ရှိသူတွေ ဖြေရှင်းပေးနိုင်ဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ညောင်အင်းကျေးရွာသား ပွဲစားတွေအများစု လိမ်စားနေကြတဲ့ ကားလိုင်စင် ကျနော်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ကပါ။ ကားလိုင်စင်ဖြေဖို့ သွားခဲ့ပါတယ်။ အဲ့မှာ ပွဲစားတွေ အများစုက လိမ်စားနေကြပါတယ်။ မြင်သာ ကညန မှာပါ။ ကျနော်က ဝန်ထမ်းတယောက်ပါ။  အချိန်မရလို့ အမြန်ရမယ်ဆိုလို့ ပေးလိုက်တာ အလိမ်ခံရပါတယ်။ ဒါနဲ့ စာကပ်ထားတယ်။ တိုင်ကြားဖို့ ဖုန်းနံပါတ်ကို ဖုန်းဆက်ခဲ့ပါတယ်။ ရဲဆိုသူ နယ်ထိန်းတယောက်က ညက လှည့်ကင်း လှည့်ထားရလို့ အခုမလာနိုင်ဘူးပြောပါတယ်။ 199 ကိုဆက်တော့ သူတို့ကို လွှတ်လိုက်တယ်။ လာခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ သူတို့ သိနေပါလျက်နဲ့ မဖမ်းပေးဘဲ စခန်းမှာ အမှုဖွင့်ခိုင်းတယ်။ တရားခံကို သိနေပါလျက်နဲ့ မဖမ်းဘဲ အမှုဖွင့်မှ ဖမ်းလို့ရမယ် ပြောတယ်။ တကယ်တမ်း တရားခံကို သိနေပါလျှက်၊ မြင်နေပါလျှက် အမှုမဖွင့်ရင် မဖမ်းပေးဘူးလား။ တကယ်တော့ ပြောင်းလဲချိန်တန်ပေမယ့် မပြောင်းလဲသေးပါဘူး အထက်လူကြီးမင်းများသိစေလိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024