၇၁ နှစ်မြောက် တပ်မတော်နှစ်ပတ်လည် အခမ်းအနား ကင်ဂျုံအန်း တက်ရောက်

669
ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် မြောက်ကိုရီးယားတပ်မတော် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ နိုင်ငံပိုင် KRT ရုပ်သံက ထုတ်လွှင့်တဲ့ ဗွီဒီယိုထဲမှာ ကင်က မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ကင်က အားကောင်းတဲ့ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေး လမ်းညွှန်မြေပုံသစ် ချမှတ်ပုံဖော်သွားဖို့ စိတ်ပိုင်းဖြတ်တယ်လို့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်ကင်ဟာ ဇနီးဖြစ်သူ ရီဆိုဂျူးနဲ့အတူ နိုင်ငံတော်တီးဝိုင်း တီးခတ်ဖျော်ဖြေမှုကို ကြည့်ရှုပြီး ထိပ်တန်းအရာရှိကြီးတွေနဲ့အတူ ဂုဏ်ပြုညစာစားပွဲ တက်ရောက်ခဲ့ပါတယ်။