
Lead Story သတင်း အားကစား ရုပ်သံ
ပက်ဆီကြော်ငြာတွင် ပြသသည့် မက်ဆီ၏ ဘောလုံးစကေးကို ပရိသတ်များ အံ့အားသင့် (ရုပ်သံ)
Email This Story :
ဘောလုံးဂြိုဟ်သားလို့ တင်စားရမယ့် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ ပက်ဆီ ကြော်ငြာတခုမှာ ပြသခဲ့တဲ့ ဘောလုံးစကေးကို ပရိသတ်တွေအနေနဲ့ အံ့အားသင့်နေခဲ့တယ်လို့သိရပါတယ်။
ထောင်ထားတဲ့ ပက်ဆီပုလင်းရဲ့ အောက်က ဘောလုံးကို တဖက်မှာရှိတဲ့ ကွင်းကိုဖြတ်ပြီး ကန်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီထက်ပိုပြီး အံ့အားသင့်စရာကောင်းတဲ့ အချက်ကတော့ ပက်ဆီပုလင်းပြန်ကျလာတဲ့ အချိန်မှာ ထောင်လျက်သားပြန်ကျခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ ဘောလုံးကိုကန်ပြီးတဲ့ အချိန်မှာတော့ ပြုံးရွှင်တဲ့ မျက်နှာကို ပြသခဲ့ပြီးတော့ အချိန်အားလုံးရဲ့ အကောင်းဆုံးအချိန်ကို ရောက်ရှိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
မက်ဆီလိုပဲ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ တာယာကွင်းထောင်ထားတဲ့ အထဲကို ဘောလုံးကန်ပြခဲ့တာဖြစ်ပေမယ့် မက်ဆီကတော့ ဆာလက်ထက်ပိုတဲ့ အစွမ်းကို ထုတ်ဖော်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။