Home
မြန်မာသတင်း
ရန်ကင်း​​အိမ်​ရာစခန်း ပြန်တည်ဆောက်မည့်ကိစ္စ အိမ်ရာနေထိုင်သူများ စိုးရိမ်
DVB
·
February 10, 2019
ရန်​ကုန်​တိုင်း​ဒေသကြီး၊ ရန်​ကင်းမြို့နယ်​၊ ရန်ကင်း​​အိမ်​ရာစခန်း ပြန်​လည်​တည်​​ဆောက်​​ရေးနဲ့ ပတ်​သက်​ပြီး နေထိုင်ဖို့အတွက် ပြန်လည်ရရှိမယ့်နေရာဟာ လက်ရှိနေထိုင်မှုပုံစံနဲ့ မတူတော့မှာကို အိမ်ရာမှာနေထိုင်သူတွေက စိုးရိမ်နေကြပါတယ်။ လက်ရှိ မြေညီထပ်မှာ စီးပွားရေးလုပ်ကိုင်နေသူတွေ အိမ်ခြံဝင်းနဲ့နေထိုင်သူတွေက တိုက်ခန်းပဲ ပြန်ရမလားဆိုတာတွေနဲ့ တိုက်ခန်းမှာ နေထိုင်သူတွေကလည်း လက်ရှိနေတဲ့ အခန်းထက် အခန်းတွေ ပိုကျဉ်းသွားမှာကို စိုးရိမ်နေကြတာပါ။ “ဦး​လေးတို့ ရင်​ထဲကစကား​ပြောရရင်​ လုံးဝမ​ပြောင်းချင်​ပါဘူး။ မိဘ​တွေ​ခေါင်းချခဲ့တဲ့ ဒီ​နေရာမှာပဲ​ နေချင်​တယ်” လို့ ရန်​ကင်းအိမ်​ရာစခန်း ၅ ရပ်​ကွက်​မှာ​ နှစ်​​ပေါင်း ၅၀ ​ကျော်​​ နေထိုင်​ခဲ့တဲ့ ဦးထင်​​အောင်​က ပြောပါတယ်။ ရန်​ကင်း ၁၂ လုံးတန်းလို့ လူသိများတဲ့ ရန်​ကင်းအိမ်​ရာစခန်းလို့ လူသိများတဲ့ ရန်ကင်းအိမ်ရာစခန်းကို ပြန်လည်တည်ဆောက်တဲ့အခါ ၁၈ ထပ်မြင့်တဲ့ အဆောက်အဦတွေ ဆောက်ပြီး လက်ရှိနေထိုင်သူတွေ နေရာပြန်လည်ချသွားပေးမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲ့ဒီနေရာမှာ နေထိုင်သူတွေကတော့  မြို့ပြနှင့်​အိမ်​ရာဖွံ့ဖြိုး​ရေး ဦးစီးဌာနနဲ့ တွေတဲ့အခါ တင်ပြပြောဆိုဖို့ ပြင်ဆင်ထားတယ်လို့ ၃ ရပ်​ကွက် ​အုပ်​ချုပ်​​ရေးမှူး ဦး​မောင်​​မောင်​ညွန့်​က ​ပြောပါတယ်​။ မြို့ပြနှင့်​အိမ်​ရာ ဖွံ့ဖြိုး​ရေးဦးစီးဌာနက အဲ့ဒီအိမ်​ရာမှာ ​နေထိုင်​သူတွေကို ​ဖေ​ဖော်​ဝါရီ ၁၀ ရက်​​နေ့မှာ ​တွေ့ဆုံပြီး ပြန်​လည်​တည်​​ဆောက်​​ရေးနဲ့ပတ်​သက်​ပြီး ရှင်းလင်းသွားမယ်လို့ သိရပါတယ်။ ရန်​ကင်းအိမ်​ရာစခန်းမှာ နေထိုင်သူ အိမ်​​ထောင်​စု ၃၈၄ စုရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024