Home
မြန်မာသတင်း
ယာဉ်အတွက် ငွေကြေးကောက်ခံနေမှု စိစစ်အရေးယူပေးရန် YBS ၄ ယာဉ်ပိုင်ရှင်တိုင်ကြားမည်
DVB
·
February 9, 2019
ယာဉ် ၁ စီးကို တနေ့ ၁၁၀၀၀ ကောက်ခံနေတာနဲ့ စီစီတီဗွီဖိုးအပါအ၀င် ငွေပုံးဖိုး ၁၀ ရာခိုင်နှုန်း ကောက်ခံခဲ့တဲ့အပေါ် ကုမ္ပဏီကို စိစစ်အရေးယူပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအ၀င် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားသွားမယ်လို့ YBS ၄ ယာဉ်ပိုင်ရှင် ဦးထင်အောင်ကျော်က ပြောပါတယ်။ အစိုးရကနေ ရှယ်ယာထည့်ဝင်ပြေးဆွဲနေတဲ့ YUPT ကုမ္ပဏီကနေ စီစီတီဗွီတန်ဖိုး ၁၂ သိန်းကျော်နဲ့ ငွေပုံး ၁ လုံးဖိုး ၆ သိန်းကျော်အတွက် ၂၀၁၇ စက်တင်ဘာ ၃၁ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၁ ရက်နေ့အထိ နေ့စဉ်ယာဉ်ပြေးဆွဲလို့ ရတဲ့ငွေထဲက ၁၀ ရာခိုင်းနှုန်းဖြတ်တောက်ခဲ့တဲ့အပေါ် ပိုလျှံငွေကြေးတွေပြန်ရဖို့ တိုင်ကြားစာထဲမှာ ဖော်ပြထားပါတယ်။ “အခုလောလောဆယ်ကတော့ ကျနော် YRTA ကိုပဲ ပို့ရပါသေးတယ်။ ကျန်တဲ့ဌာနတွေကတော့ မနက်ဖြန်သဘက်ခါမှပဲ ကျနော်ပို့ပါမယ်။ မိတ္ထူတွေကတော့ ကျနော်ပေးထားတာ အဂတိလည်းပါတယ်။ ငွေရေးကြေးရေး အရှုပ်အရှင်းပါတဲ့အတွက်” လို့ ယာဉ်ပိုင်ရှင် ဦးထင်အောင်ကျော်က ပြောပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့အထိ YRTA ကြေး ငွေကျပ် ၄၀၀၀ နဲ့ ကုမ္ပဏီကြေး ငွေကျပ် ၂၀၀၀ အပြင် ၀န်ဆောင်မှုစာရိတ်အဖြစ် ကားတစီးကို ငွေကျပ် ၅၀၀၀ ပိုမိုကောက်ခံတာနေတာကြောင့် စိစစ်အရေးယူပေးဖို့ တိုင်ကြားခဲ့တာလို့ ဦးထင်အောင်ကျော်က ပြောပါတယ်။ တိုင်ကြားစာကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ကိုလိပ်မူထားပြီး မိတ္ထူကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ၀န်ကြီးဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဋ္ဌတို့ကို လိပ်မူရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024