ရက်ရှ်ဖို့ဒ်နှင့်ဆိုးလ်ရှား ၁ လတာ အကောင်းဆုံးဆုများ ရရှိ

1.2K
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ရဲ့ ၁ လတာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီလမှာ ပွဲထွက် ကစားခွင့်ရရှိတဲ့ ၆ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာနှုန်းပြည့် ရှုံးပွဲမရှိ စံချိန်အတွက် အထောက်အကူပြုခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
၁ လတာ အကောင်းဆုံးမန်နေဂျာဆုကိုတော့ ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ နည်းပြ ဆိုးလ်ရှားက ရရှိခဲ့ပါတယ်။
ရက်ရှ်ဖို့ကတော့ ဒီဆုကိုရရှိခဲ့လို့ ပျော်ရွှင်မိပေမယ့် ကမ္ဘာပေါ်က ကောင်းတဲ့ ကစားသမားနဲ့ အကောင်းဆုံးကစားသမားတွေ ကွာခြားချက် ဘယ်လိုရှိတယ်ဆိုတာကို နားလည်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲပေါင်း ၁၅၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။