ဟီဂူအင်က နည်းစနစ်ပိုင်းအတွက် အသင့်လျော်ဆုံးကစားသမားဟု ဆာရီပြော

ဟီဂူအင်ဟာ သူ့ရဲ့ ဘောလုံးနည်းစနစ်အတွက် အသင့်လျော်ဆုံးကစားသမားဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြဆာရီက ပြောကြားလိုက်ပါတယ်။ ဆာရီက ဟီဂူအင်ကို ခေါ်ယူလိုက်နိုင်တာဟာ အသင်းရဲ့ အဓိက သက်ရောက်မှုကြီး တခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီးအသင်းမှာ တိုက်စစ်မှူး အီဒင်ဟာဇက် ဆက်ရှိနေဖို့ မသေချာတာကြောင့် ဟီဂူအင်ဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာဖို့ရှိနေပါတယ်။ ဟီဂူအင်အနေနဲ့ အသင်းနဲ့အတူ အခုထက်ပိုပြီး အံဝင်နိုင်ဖို့ဆိုရင် ယုံကြည်မှုပြည့်ဝပြီး ဆက်ဆံရေး အခုထက်ပိုကောင်းမွန်ဖို့လိုအပ်တယ်လို့ ဆာရီက ပြောပါတယ်။ ဟာဇက်နဲ့ ပတ်သက်လို့ ဆာရီက ကစားသမားအနေနဲ့ အသင်းမှာ ဆက်ရှိမယ်ဆိုပါက ပျော်ရွှင်မှာဖြစ်ကြောင်း၊ ဒါပေမယ့် ဟာဇက်ကိုလည်း ပျော်ရွှင်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up