ဗန်းမော်မြို့ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေး အဆောက်အဦ မီးလောင်
DVB
·
February 9, 2019
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် လျော့ပါးရေး အဆောက်အဦ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ မနက် ၆ နာရီ ၂၅ မိနစ်လောက်က ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ အာရှ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေးအဖွဲ့အစည်းရုံး အဆာက်အဦအတွင်း ဆေးဝါးများ သိုလှောင်ဖို့ အသုံးပြုတဲ့ ရေခဲသေတ္တာ ၃ လုံးကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး/ ပျဉ်ကာ/ ပျဉ်ခင်း အုတ်ခံ ၂ ထပ် အဆောက်အဦ ၁ လုံး၊ ဆေးဝါးတွေနဲ့ ရုံးသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး မနက် ၆ နာရီ ၅၀ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
ညောင်ပင်ရပ်ကွက် ဗန်းမော်မြို့နေသူ ဦးနော်ပအား ဗန်းမော်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။