ခါရွှန်းဂျီအသတ်ခံရမှု အမေရိကန်အစိုးရ ချဉ်းကပ်ပုံပြောင်းလဲရေး ကြိုးပမ်းမည်ဟု အူဂျေေအဂျေဂစ်ပြော

Hatice Cengiz, Turkish fiancee of slain Saudi journalist Jamal Khashoggi, speaks during a news conference to present a book on Khashoggi, in Istanbul, Turkey February 8, 2019. REUTERS/Murad Sezer
1K
အသတ်ခံရတဲ့ ဆော်ဒီသတင်းထောက် ခါရွှန်းဂျီနဲ့ စေ့စပ်ထားသူက လူသတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ ချဉ်းကပ်ပုံ ပြောင်းလဲစေဖို့ ကြိုးပမ်းသွားမယ်လို့ ဖေဖော်ဝါရီ ၈ ရက်နေ့က ပြောလိုက်ပါတယ်။
ခါရွှန်းဂျီနဲ့ စေ့စပ်ထားသူ ဟေရာတစ် အူဂျေေအဂျေဂစ်က သူဟာ အမေရိကကို သွားရောက်ပြိး သမ္မတ ထရမ့်ရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲစေဖို့ ကြိုးပမ်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဆော်ဒီကို လက်နက်ရောင်းချတာက အမေရိကန် အလုပ်အကိုင်တွေ ဖန်တီးရာမှာ အရေးပါတယ်လို့ ထောက်ပြပြီး သမ္မတ ထရမ့်ဟာ ဆော်ဒီအစိုးရအပေါ် ဒဏ်ခတ်မှုတွေကို ဆန့်ကျင်ခဲ့ ပါတယ်။
ဒီအတွက် အူဂျေေအဂျေဂစ်ဟာ သမ္မတ ထရမ့်ရဲ့ ဖိတ်ကြားချက်ကို အရင်တခေါက်က ပယ်ချခဲ့တာပါ။
အသတ်ခံရတဲ့ သတင်းထောက် ခါရွှန်းဂျီဟာ ဆော်ဒီ ဘုရင့်အသိုင်းအ၀ိုင်းက အတွင်းလူ တဦးဖြစ်ပြီး သူဟာ နောက်ပိုင်းမှာ ဆော်ဒီအိမ်ရှေ့မင်းသားကို ဝေဖန်သူ ဖြစ်လာခဲ့ပါတယ်။
ခါရွှန်းဂျီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံခဲ့ရပါတယ်။