Home
မြန်မာသတင်း
ဇွဲကပင်ဆံတော်ရှင် ရင်ပြင်စင်္ကြင်္န်တိုးချဲ့လုပ်ငန်း ပညာရှင်မပါဘဲလုပ်နေမှု ၀န်ကြီးချုပ် ဝေဖန်
DVB
·
February 9, 2019
ဇွဲကပင်တောင်ဆံတော်ရှင် ရင်ပြင်စင်္ကြင်္န်တိုးချဲ့တဲ့ လုပ်ငန်းမှာ ပညာရှင်တွေ မပါဝင်ဘဲ ဆောင်ရွက်နေတဲ့အပေါ် ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်လိုက်ပါတယ်။ ကရင်ပြည်နယ်လွှတ်တော်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က “ဓာတ်ပုံတွေရပါတယ်။ ဘယ်ပညာရှင်မှလည်း မပါဘူး။ သူတို့ဟာ သူတို့ ထိုးကလော် သူတို့ဟာ သူတို့ချ လုပ်နေတဲ့ဟာတွေကြည့်ရင် ဂေါပကအဖွဲ့မှာ ကျမတို့ အစိုးရအဖွဲ့မှာ တာဝန်ယူသွားတဲ့ ပညာရှင်တွေပါတယ်။ သူတို့ ကိုယ်တိုင်ပါနေလျက်သားနဲ့ ဘယ်လိုများ ဆောင်ရွက်နေလဲဆိုတာ စဉ်းစားလို့မတတ်ဘူး” လို့ ပြောပါတယ်။ မြ၀တီမြို့နယ် မဲဆန္ဒနယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကို မေးကြည့်တဲ့အခါကျတော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကလည်း ဒါကတော့ ပညာရှင်တွေမပါဘူး။ မပါဘဲနဲ့ သံချီ သံကွေး လုပ်ငန်းသမားတွေနဲ့ပဲ သေချာလေးကို လုပ်ခဲ့ရတယ်။ အန္တရာယ်များစွာကြားကနေပြီးတော့ပဲ ဆောင်ရွက်ခဲ့ရတယ်။ သူတို့က ပြောတယ်။ ကြည့်တဲ့အခါလည်း တော်တော်လေးကို အသည်းယားဖွယ်လည်းကောင်းတယ်။ ဒီထက်လည်း ပိုပြီးတော့ ခိုင်ခိုင်မာမာလုပ်သင့်တယ်” လို့ ပြောပါတယ်။ ဘားအံမြို့၊ ဇွဲကပင်တောင်ဆရာတော်၊ ဘဒ္ဒန္ဒ က၀ိဓဇက “မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာကို အားလုံးပဲဝိုင်းဝန်းကူညီပံ့ပိုးပါ။ မပံ့ပိုးပဲနဲ့ အနှောင့်အယှက်ပြုကြရင်တော့ ဘယ်သူကြောင့် ဒီကိစ္စကြီး မဖြစ်သလဲဆိုတာ နောက်အကောင်အထည်ပေါ်လာမှာ” လို့ သတင်းမီဒီယာတွေကို ပြီးခဲ့တဲ့လက မိန့်ကြားထားပါတယ်။ ဇွဲကပင်တောင်ရင်ပြင် စင်္ကြင်္န်တိုးချဲ့တဲ့လုပ်ငန်းမှာ သုံးစွဲထားတဲ့ သံထည်ပစ္စည်းတွေဟာ ပြည်တွင်းက ထုတ်လုပ်တဲ့သံတွေကို သုံးစွဲထားတဲ့အပြင် အောက်ခြေ အမာခံ ဆောင်ရွက်ထားမှုဟာ စိတ်ချရတဲ့ အနေအထားမရှိသလို မှန်အထူ ၁ လက်မခွဲလောက်၊ အလျား ၄ ပေ၊ အနံ ၄ ပေ လောက်ရှိ မှန်အထူတွေကို ခင်းကျင်းသွားမှာပါ။ အဆိုပါလုပ်ငန်းမှာ ပညာရှင်ပါဝင်ခြင်း မရှိသလို ပညာရှင်တွေရဲ့တွက်ချက်မှု နည်းပညာ မပါဝင်တဲ့အတွက် ရေရှည်ခိုင်ခံ့မှု အာမခံချက်မရှိတဲ့အပေါ် အန္တရာယ်အလွန်များတဲ့ လုပ်ငန်းဖြစ်တယ်လို့ လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024