စပိန်တွင် မြို့ပတ်ရထား ၂ စီး ခေါင်းချင်းဆိုင် တိုက်မိ၊ အများအပြား ဒဏ်ရာရ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ပြင်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က မြို့ပတ်ရထား ၂ စီး ခေါင်းချင်းဆိုင် တိုက်မိတာကြောင့် ရထားမောင်းသူ ၁ ဦး သေဆုံးပြီး ခရီးသည်အများအပြား ဒဏ်ရာရပြီး ၃ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ ကာတာလန် တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည် ၁၀၀ ၀န်းကျင်ကတော့ ဒဏ်ရာအနာတရ မရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။ ရန်ဆာရထားလိုင်း ပြောခွင့်ရသူက ရိုဟာအူရောစ် မြို့ပတ်ရထားလမ်းစနစ်က ရထား ၂ စီး ခေါင်းချင်းဆိုင်တိုက်မိတာလို့ ပြောပါတယ်။ ဒီ ရထားမတော်တဆမှုဟာ ဆန်ဗီးဆန့်ဒယ်ကတ်စတယ်လက်နဲ့ မန်ဒရဲနား မြို့နှစ်မြို့ကြားမှာ  ဖြစ်ပွားခဲ့ပြီး ရထားလမ်းဝန်ဆောင်မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up