Home
မြန်မာသတင်း
လူ့အခွင့်ရေးလှုပ်ရှားသူ ဦးမြင့်အေး လွတ်မြောက်ရေး လက်မှတ်ထိုးတောင်းဆို
နော်နိုရင်း
·
September 25, 2012
ထောင်ဒဏ်တသက် ချမှတ်ခံထားရတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (အိပ်ခ်ျအာဒီပီ) အဖွဲ့ရဲ့ ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေးအတွက် အဖွဲ့ဝင်တွေက လက်မှတ်လိုက်လံစုဆောင်း တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်နေပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်  အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ၅ ကြိမ်လောက် ရှိသွားပေမယ့် ဦးမြင့်အေး လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ [caption id="attachment_31247" align="alignleft" width="300" caption="ဦးမြင့်အေးလွတ်မြောက်ရေးလှုပ်ရှားနေသူများ"][/caption] ဒါကြောင့် ဦးမြင့်အေး လွတ်မြောက်ရေးအတွက် ပြည်နယ်နဲ့တိုင်း ၈ ခုမှာ အဖွဲ့ဝင်တွေက လက်မှတ် လိုက်လံကောက်ခံပြီး နိုင်ငံတော်သမ္မတနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးအဖွဲ့တွေကို တင်ပြသွားမယ်လို့ အိပ်ခ်ျအာဒီပီအဖွဲ့ဝင် ဦးမောင်မောင်လေး က ပြောပါတယ်။ “ပုသိမ်တို့မှာဆို ၄ ထောင်ကျော်လောက်ရပြီ။ နောက် မြင်းခြံ၊ ရန်ကုန်တို့မှာလည်း လိုက်စုနေတယ်။ ပြီးရင် သမ္မတဆီ တင်မယ်။ နောက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေဆီ တင်မယ်။ နောက် သူ့အမှု ပြန်စိစစ်ဖို့ ဒါက သူ့မိသားစုလည်း ပါရမှာပေါ့။ ပြည်ထောင်စု တရားလွှတ်တော်မှာ အမှုပြန်လည်စိစစ်ဖို့ ဒါတွေအတွက်လည်း ပြင်ဆင်နေပါတယ်။” လက်မှတ်ပေါင်း ၈ ထောင်လောက်ရရှိသွားပြီ ဖြစ်ပေမယ့် လက်မှတ် ၅ သောင်းလောက် ရတဲ့အထိ စုဆောင်းသွားမယ်လို့ ဆိုပါတယ်။ ဦးမြင့်အေးဟာ ရွှေပြည်သာမြို့နယ် ရပ်ကွက်ကောင်စီရုံးတခုမှာ  ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး  ၂၀၀၈ ခုနှစ်က ဖောက်ခွဲမှု ပုဒ်မ (၃/၆)၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုတို့နဲ့ ထောင်ဒဏ် တသက်တကျွန်းနဲ့ (၈) နှစ်ချမှတ်ခံရပြီး လက်ရှိ လွိုင်ကော်ထောင်မှာ အကျဉ်းကျခံနေရပါတယ်။ ဦးမြင့်အေးနဲ့အတူ စွပ်စွဲအရေးယူခံရသူ အိပ်ခ်ျအာဒီပီ အဖွဲ့ဝင် ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင်တို့လည်း လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ ကိုရန်ရွှေကတော့ ကလေးထောင်မှာဖြစ်ပြီး ကိုဇော်ဇော်အောင်က ရမည်းသင်းထောင်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။ ရွှေပြည်သာ  ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲမှု ကျူးလွန်သူတွေ ပြန်လွတ်လာပေမယ့် အခုချိန်ထိ လူ့အခွင့်အရေး လှုပ်ရှားသူတွေ မလွတ်လာတဲ့ပေါ်မှာလည်း ဦးမောင်မောင်လေးက အခုလို ဝေဖန်ပါတယ်။ “ဖောက်ခွဲမှုကျူးလွန်သူတွေ ပြန်လွတ်လာပြီပဲ။ ဦးမြင့်အေး တကယ်ဖောက်ခွဲတာမဟုတ်ဘဲ လူ့အခွင့်အရေးလှုပ်ရှားသူကို ချထားတဲ့ ကိစ္စ၊ အစိုးရက ပြုပြင်ရေးဆောင်ရွက်နေတဲ့ကိစ္စတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ အထူးသဖြင့် လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ခြွင်းချက်မရှိ လွှတ်ပေးရမှာပဲ။ မလွှတ်ပေးခြင်းကိုက အစိုးရ ပြုပြင်ပြောင်းလဲတဲ့ ကိစ္စတွေက စောင့်ကြည့်ရမယ့် ကိစ္စပဲ။ သူပြောင်းချင်တာ ပြောင်းတယ်၊ လူပုဂ္ဂိုလ်မှာပဲဖြစ်စေ၊ ပြဿနာတရပ်မှာပဲဖြစ်စေ၊ ဖြစ်စဉ်တရပ်မှာပဲ ဖြစ်စေပေါ့၊ အဲလိုမျိုး နိုင်ငံတကာက ကောက်ချက်ချသွားနိုင်တယ်။” ဦးမြင့်အေးဟာ ၂၀၀၁ ကစပြီး  လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ရက် (အိပ်ခ်ျအာဒီပီ)ကို တည်ထောင်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေး ပညာပေးမှုများကို မြန်မာပြည်အနှံ့ ဆောင်ရွက်ခဲ့သူ ဖြစ် ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024