ပေါ်တူဂီ လူငယ်ကြယ်ပွင့် ၃ ဦးကို ချဲလ်ဆီး ပစ်မှတ်ထားနေ

1.1K
ချဲလ်ဆီးအသင်းဟာ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ၃ ဦးကို ခေါ်ယူဖို့အတွက် ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ သိရပါတယ်။
ဘင်ဖီကာအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ဂျာအိုဖီးလ်စ်၊ အသက် ၂၁ နှစ်အရွယ် ရူဘင်ဒီရာဇ့်တို့ နှစ်ဦးကို စောင့်ကြည့်နေခဲ့သလို စပို့တင်း လစ္စဘွန်း အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဘင်ဖီကာအသင်းက ပေါင် ၁၀၅ သန်းလောက်ရရှိမှာသာ ရောင်းချဖို့ ပြင်ဆင်နေတဲ့ ဂျာအိုဖီးလစ်ကို လီဗာပူး၊ မန်ချက်စတာယူနိုက်တက် အစရှိတဲ့အသင်းတွေက ခေါ်ယူဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
ရူဘင်ဒီရာဇ့်ကိုတော့ နောက်ခံလူ ဒေးဗစ်လုဇ်နဲ့ အလဲထပ်ခေါ်ယူဖို့ ပြင်ဆင်နေသလို စပို့တင်း ကွင်းလယ်လူကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ထွက်ခွာဖို့ ရာခိုင်နှုန်းများနေတဲ့ ဟာဇက်နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။