မော်ရင်ဟို အင်တာမီလန်အသင်းကို ပြန်နည်းပြရန် နီးစပ်နေ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို ပြန်လည်နည်းပြဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ အင်တာမီလန်ဥက္ကဋ္ဌ ဘက်ပီမာရော့တာနဲ့ ညှိနှိုင်းဆွေးနွေးနေပြီလို့ အီတလီသတင်းစာတွေက ဖော်ပြနေကြသလို  မော်ရင်ဟိုကလည်း အင်တာမီလန်ဟာ သူ့ရဲ့ နည်းပြသက်တမ်းတလျှောက် အကောင်းဆုံးအသင်း ဖြစ်တယ်ဆိုတာကို မကြာခဏ ထုတ်ဖော်ပြောကြားထားသူလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ပယ်ချခဲ့လို့ အင်တာမီလန်အသင်းကို ရောက်ရှိဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိ အင်တာမီလန်နည်းပြ စပယ်လက်တီဟာ အသင်းကို ရလဒ်ကောင်းတွရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ထိပ်ဆုံးက ဂျူဗင်တပ်စ်အသင်းနဲ့ အမှတ် ၂၀ ထိ ပြတ်တောက်နေပါတယ်။ မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၉ နှစ်က အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့ပြီး စီးရီးအေ၊ ကိုပါအီတလီယာ၊ စူပါကိုပါအီတလီယာနဲ့ ချန်ပီယံလိဂ်ဖလားတို့ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up