မက်ဆီ၏လစာက ရော်နယ်ဒိုထက် ထက်ဝက်နီးပါး ပိုမိုများပြား

ဓာတ်ပုံ - Getty/Goal
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နက်မက်ဆီတို့ဟာ ခြေစွမ်းချင်း မတိမ်းမယိမ်း အနေအထားမှာ ရှိကြပါတယ်။ ဒါပေမယ့် လက်ရှိ လစာရရှိမှုအရတော့ လီယွန်နယ်မက်ဆီက  စီရော်နယ်ဒိုထက် ထက်ဝက်နီးပါးလောက် ပိုမိုများပြားခဲ့ပါတယ်။ ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe ရဲ့ နှစ်စဉ်အစီအရင်ခံစာမှာ ဖော်ပြချက်အရ လီယွန်နယ်မက်ဆီဟာ တလကို ယူရို ၈ ဒသမ ၃ သန်း ရရှိနေပြီး စီရော်နယ်ဒိုကတော့ တလကို ယူရို ၄ ဒသမ ၇ သန်းပဲ ရရှိနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သူတို့ရရှိတဲ့ တလစာဝင်ငွေက အခွန်မဆောင်ခင်မှာ ရရှိတဲ့ဝင်ငွေ ဖြစ်ပါတယ်။ ဘောလုံးသမားတွေထဲမှာ လစာအများဆုံး ရရှိနေတဲ့ ထိပ်တန်းကစားသမား ၁၀ ဦး စာရင်းထဲမှာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေနဲ့ ပြင်သစ်လီဂူးဝမ်းက ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ ကစားသမား တဦးမှ မပါဝင်ဘူးလို့ သိရပါတယ်။ တတိယမြောက် လစာအများဆုံး ကစားသမားက အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းဖြစ်ပြီး တလကို ယူရို ၃ ဒသမ ၃ သန်း ရရှိနေပါတယ်။ အဆင့်လေးနေရာမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက တလ လုပ်ခ ယူရို ၂ ဒသမ ၅ သန်းနဲ့ ရပ်တည်နေပါတယ်။ နေမာရဲ့နောက်မှာ ဆွာရက်ဇ် (ယူရို ၂ ဒသမ ၉ သန်း)၊ ဂါရတ်ဘေးလ် (ယူရို ၂ ဒသမ ၅ သန်း)၊ ကော်တင်ဟို (ယူရို ၂ ဒသမ ၃ သန်း)၊ အလက်ဆစ် ဆန်းချက်ဇ် (ယူရို ၂ ဒသမ ၂၈ သန်း)၊ အမ်ဘာပေ (ယူရို ၁ ဒသမ ၇၃ သန်း)၊ အိုဇေးလ် (ယူရို ၁ ဒသမ ၆ သန်း) တို့က ထိပ်တန်း ၁၀ ဦးစာရင်းမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up