အမေရိကန်အစိုးရကို ဆန့်ကျင်သည့် လက်မှတ်ရေးထိုး လှုပ်ရှားမှု ဗင်နီဇွဲလား သမ္မတ စတင်

ဗင်နီဇွဲလား ပြည်တွင်းရေးကို စွက်ဖက်တဲ့ အမေရိကန်အစိုးရကို ဆန့်ကျင်ကြောင်း လက်မှတ် ၁၀ သန်း ရေးထိုးရေး လှုပ်ရှားမှုကို သမ္မတ နီကိုးလပ်စ် မာဒူရိုက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ကာရာကတ်စ်ရင်ပြင်မှာလုပ်တဲ့ လူထုစည်းဝေးပွဲမှာ သမ္မတ မာဒူရိုက အဲဒီ လက်မှတ် ၁၀ သန်းကို အိမ်ဖြူတော်ဆီ လွှဲပေးသွားမှာဖြစ်တယ်လို့ ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလှုပ်ရှားမှု အသေးစိတ်နဲ့ အမေရိကန်အစိုးရဆီ ဘယ်လိုလွှဲပေးမလဲ ဆိုတာကိုတော့ မာဒူရိုက မပြောခဲ့ပါဘူး။ ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုရာမှာ အီးယူနိုင်ငံကြီးတွေ ပါဝင်လာပြီးနောက် မာဒူရိုကို ရာထူးကနေ နုတ်ထွက်ပေးဖို့ နိုင်ငံတကာ ဖိအားပေးမှု ကြီးထွားလာနေပါတယ်။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ မာဒူရို ပြန်လည်ရွေးကောက်ခံရပြီး ဝေဖန်သူတွေက အဲဒီရွေးကောက်ပွဲကို အတုအယောင်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up