ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထိုင်းဘုရင်၏ အမဖြစ်သူ ကြေညာ

ဓာတ်ပုံ - AFP/Fred Dufour
1.8K
ထိုင်းဘုရင်ရဲ့ အမဖြစ်သူ မင်းသမီး အူဘိုရာသာနာဟာ မတ်လ ၂၄ ရက် ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဖေဖော်ဝါရီ ၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
အသက် ၆၇ နှစ်အရွယ် မင်းသမီး အူဘိုရာသာနာဟာ ထိုင်းနိုင်ငံရေးနဲ့ ခပ်ကင်းကင်း နေလေ့ရှိတဲ့ တော်ဝင်မျိုးနွယ် အစဉ်အလာကို ဖောက်ထွက်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်တာပဲ ဖြစ်ပါတယ်။
အူဘိုရာသာနာဟာ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရသူ သက်ဆင်ကို သစ္စာခံတဲ့ ထိုင်းရက်ဆာချာပါတီကနေ ယှဉ်ပြိုင်အရွေးခံဖို့ စာရင်းပေးထားပါတယ်။
မတ်လ ၂၄ ရက် ထိုင်းရွေးကောက်ပွဲကို သက်ဆင်ရဲ့ လူထုအကျိုးမျှော်ဝါဒီတွေ၊ သူ့မဟာမိတ်တွေနဲ့ ထိုင်းစစ်ဘက်အဖွဲ့အစည်းအကြားက ယှဉ်ပြိုင်မှုအဖြစ် ရှုမြင်ထားကြပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၃၂ ခုနှစ်ကစလို့ စည်းမျဉ်းခံ ဘုရင်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပေမယ့် ထိုင်းဘုရင့်မိသားစုဟာ သြဇာကြီးမားပြီး သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ရရှိထားပါတယ်။