အမေရိကန်နိုင်ငံ ယူတားပြည်နယ်တွင် ဆီးနှင်းများ အလွန်အမင်း ကျဆင်း

အမေရိကန်နိုင်ငံ ယူတားပြည်နယ် Salt Lake Valley က လူနေဒေသတွေမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဆီးနှင်း အလွန်အမင်း ကျဆင်းနေပါတယ်။ တူးလ်မြို့မှာ ဆီးနှင်းထု ၂ ပေကျော် ကျဆင်းနေတာမို့ နေထိုင်သူတွေဟာ နှင်းရှင်းယာဉ်တွေကို အသုံးပြုနေရပါတယ်။ ဒေသမီဒီယာတွေမှာ ဖော်ပြချက်အရ တူးလ်မြို့မှာ ၁၉၈၆ ခုနှစ် စံချိန်တင် ဆီးနှင်းကျမှုထက် နှစ်ဆ ပိုကျဆင်းခဲ့ပါတယ်။ ဆီးနှင်းရှင်းအဖွဲ့ကလည်း အများပြည်သူ အသုံးပြုတဲ့ လမ်းမတွေမှာ မနက်ခင်း ဆီးနှင်းတွေ ရှင်းလင်းစေဖို့ ညလုံးပေါက် အလုပ်လုပ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဖွဲ့ဝင်တဦးက "လူအင်အားများများနဲ့ ဆက်တိုက်လုပ်သွားဖို့ လိုတယ်။ တကယ်လို့ ခနလောက် နားလိုက်မယ်ဆိုရင်တောင် အလုပ်တွေပိသွားလိမ့်မယ်" လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up