Homeမြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်သည့် ကရင်နီလူငယ်များကို အင်အားသုံးဖယ်ရှား၊ ၃၀ ခန့် ဖမ်းဆီးခံရ
ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်သည့် ကရင်နီလူငယ်များကို အင်အားသုံးဖယ်ရှား၊ ၃၀ ခန့် ဖမ်းဆီးခံရ
နော်နိုရင်း
·
February 7, 2019
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို သပိတ်စခန်းဖွင့် ကန့်ကွက်ဆန္ဒပြနေတဲ့ ကရင်နီလူငယ် သပိတ်စခန်းကို ပြည်နယ်တာဝန်ရှိသူတွေက အင်အားသုံး ဖယ်ရှားလိုက်ပါတယ်။
အဆိုပါသပိတ်စခန်းကို ဒီကနေ့ မွန်းလွဲ ၃ နာရီလောက်မှာ အင်အားသုံးဖယ်ရှားလိုက်တာဖြစ်ပြီး အဲဒီမှာ သပိတ်ထိုင်နေတဲ့ လူငယ် ၃၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကရင်လူငယ်တဦးဖြစ်သူ ကိုဒီးဒီ (ခေါ်) စစ်မုန်းက ပြောပါတယ်။.
“ကျနော်တို့ ဖြိုခွင်းခံရပြီးမှ အဲဒီမှာထိုင်နေတဲ့ လူငယ်တွေအကုန်လုံးကို ဖမ်းဆီးသွားပါတယ်။ ၃ နာရီလောက်က စပြီးဖြိုခွင်းပါတယ်။ ကျနော်တို့ပစ္စည်းတွေ အကုန်လုံး သိမ်းသွားတယ်။ လူတွေလည်း အကုန်လုံးဖမ်းသွားတယ်။ ”
သပိတ်စခန်းဖွင့် ဆန္ဒပြနေတာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်းနဲ့ ဖယ်ရှားပေးဖို့ ဒီကနေ့ မွန်လွဲ ၂ နာရီလောက်က မြို့နယ်ရဲစခန်းမှူး နဲ့ အထွေထွေအုပ်ချုပ်ရေးမှူးက လာရောက်ပြောဆို သတိပေးခဲ့ပြီး ဒီလိုဆန္ဒထုတ်ဖော်ခြင်းကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အရေးယူထားကြောင်းလည်း ဒေသအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ဒီလိုသပိတ်စခန်း ဖြိုးခွင်းဖမ်းဆီးခံရပေမယ့် ကရင်နီလူငယ်တွေအနနဲ့ ဒုတိယအသုပ် သပိတ်စခန်းဖွင့်ပြီး ရည်မှန်းချက်ရသည်အထိ ဆက်လက်ဆန္ဒပြသွားမယ်လို့လည်း ကိုဒီးဒီက ပြောပါတယ်။
“ကျနော်တို့ကတော့ ကျနော်တို့ ယုံကြည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ်၊ တောင်းဆိုသွားမယ်။ ကျန်တာကတော့ အစိုးရကနေပြီးမှ သူ့သမိုင်းကို သူရေးသွားပါလိမ့်မယ်။ ဒါက အစိုးရအနေနဲ့ အဲလိုလုပ်တာက ကောက်ကျစ်ယုတ်မာမှုလို့ပဲ ကျနော်တို့က အဲလိုပဲ ပြောချင်တယ်။ ”
ဗိုလ်ချုပ်ကြေးရုပ်ကို ကရင်နီပြည်မှာ မထားဖို့ ကန့်ကွက်မှုတွေရှိနေပေမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့က လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ထားရှိ ဖွင့်လှစ်ခဲ့ပါတယ်။
ဒီလိုဖွင့်လှစ်ထားမှုနဲ့ပတ်သက်ပြီး ကရင်နီလူငယ်တွေက သပိတ်စခန်းဖွင့်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်ကတော့ ကြေးရုပ်ဖျက်သိမ်း ဖယ်ရှားပေဖို့နဲ့ ကြေးရုပ်ထားချင်တယ်ဆိုပါက လူထုဆန္ဒခံယူဖို့နဲ့ ဒီကြေးရုပ်ကို အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ မထားရှိဖို့ တောင်းဆိုဆန္ဒပြကြတာလည်းဖြစ်ပါတယ်။