Home
မြန်မာသတင်း
ဒုမြို့တော်ဝန်ဖြစ်ရန် ယုံကြည်ချက်အပြည့်ရှိဟု အလှမယ် ထက်ထက်ထွန်းပြော
ရန်နိုင်ဇော်ဝင်း
·
February 7, 2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန်အဆင့်ထိ အောင်မြင်ဖို့ ယုံကြည်ချက် အပြည့်ရှိတယ်လို့ အလှမယ် သရုပ်ဆောင် ထက်ထက်ထွန်းကပြောပါတယ်။ ဒုတိယမြို့တော်ဝန်အဖြစ် ထိုက်တန်တဲ့ အရည်အချင်းတွေရှိအောင်လည်း အမြဲလုပ်ဆောင် နေတယ်လို့လည်း ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။ အလှမယ် ထက်ထက်ထွန်းက “ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလို့ ညီမ၀င်ပြိုင်တာ။ မဖြစ်နိုင်တဲ့အရာ၊ မဖြစ်နိုင်သေးဘူး၊ မထိုက်တန်သေးဘူးဆိုရင် ညီမ၀င်မပြိုင်ဘူး။ မပြိုင်ဘဲနဲ့ လိုချင်တဲ့ စိတ်ဆန္ဒတခုပဲ ရှိတယ်ဆိုရင် ညီမပြင်ပမှာ ထိုက်တန်အောင်အရင် ကြိုးစားနေဦးမယ်။ အခုညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ဘယ်သူမှ မယုံကြည်ဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ အရင်ဆုံး လူတယောက်အနေနဲ့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ယိုယ် ယုံကြည်မှုရှိမှသာ ဘယ်အရာမဆို ဖြစ်နိုင်မှာပေါ့နော် ”လို့ ပြောပါတယ်။ အလှမယ်ထက်ထက်ထွန်းအနေနဲ့ သမ္မတနေရာအထိ မျှော်လင့်ထားပြီး သမ္မတနေရာနဲ့ ထိုက်တန်တဲ့အရည်အချင်းတွေပြည့်ဝရင်တော့ သမ္မတရာထူးအထိ ရအောင် ကြိုးစားသွားမယ်လို့လည်း အလှမယ်ထက်ထက်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ မတ်လ၃၁ရက်နေ့ကျင်းပမယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ အလှမယ်ထက်ထက်ထွန်း လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့  အမည်စာရင်းပေးထားပြီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၃၀ ရက်အထိ စည်းရုံးမဲဆွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ခြောက်ခုက ကော်မတီဝင်ခြောက်ဦး၊ မြို့နယ်တမြို့နယ်မှာ မြို့နယ်ဥက္ကဋ္ဌတဦးနဲ့ အဖွဲ့ဝင်နှစ်ဦး၊ မြို့နယ်ပေါင်း ၃၃မြို့နယ်အတွက် ၉၉ဦး စုစုပေါင်း၁၀၅ဦး ရွေးချယ်တင်မြှောက်သွားမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024