Home
မြန်မာသတင်း
တနိုင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်  
DVB
·
February 7, 2019
ကချင်ပြည်နယ်၊ တနိုင်းမြို့အနီးမှာ အင်အားရစ်ခ်ျတာစကေး (၄.၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ၊ ၁၉ မိနစ်၊ ၃၇ စက္ကန့် အချိန်မှာ မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း တနိုင်းမြို့ရဲ့ အရှေ့တောင်ဘက် ၃၂မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့  မိုးဇလ သတင်းမှာဖော်ပြပါတယ်။ မနေ့ညကလည်း စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ရဲ့ အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024