တိုက်စစ်မှူးဆာလာ လိုက်ပါသွားသည့် ပျောက်ဆုံးလေယာဉ်မှ အလောင်းတလောင်း ဆယ်ယူရရှိ

ကာဒစ်တိုက်စစ်မှူး ဆာလာ လိုက်ပါသွားတဲ့ ပျောက်ဆုံးလေယာဉ်အပျက်အစီးကို ရေအောက်မှာ တွေ့ရှိခဲ့ပြီးနောက် အဲဒီအထဲက အလောင်းတလောင်း ဆယ်ယူရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအလောင်းဟာ တိုက်စစ်မှူး ဆာလာလား၊ လေယာဉ်မှူးလားဆိုတာ သတင်းထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဆာလာဟာ လေယာဉ်မှူးတဦးနဲ့အတူ ဇန်နဝါရီ ၂၁ ရက်က ပြင်သစ်ကလပ် နန့်စ်ကနေ ပရီးမီးယားလိဂ်ကလပ် ကာဒစ်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ပြင်သစ်ကနေ လာရောက်ခဲ့ရာ အင်္ဂလိပ်ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးလေယာဉ်ကို ဖေဖော်ဝါရီ ၃ ရက်က အင်္ဂလိပ်ရေလက်ကြားထဲမှာပဲ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်မှာ ရေအောက်လေယာဉ်ထဲကနေ ရုပ်အလောင်းတလောင်း တွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့က ဆယ်ယူခဲ့တယ်လို့ သိရပါတယ်။ ပျောက်ဆုံးလေယာဉ်ဟာ ရေအောက် ၆၇ မီတာမှာရှိနေပြီး ဗြိတိန်ကမ်းရိုးတန်းနဲ့ ၂၁ မိုင်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် လေယာဉ်ကို ဆယ်ယူဖို့ ကိစ္စကိုတော့ ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up