Home
မြန်မာသတင်း
စထရင်းဟိုတယ်ကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်
DVB
·
February 7, 2019
ရန်ကုန်မြို့၊ ကမ်းနားလမ်းက စထရင်းဟိုတယ်ကို အမွေအနှစ် အဆောက်အအုံတခုအဖြစ် အပြာရောင်ကမ္ပည်းပြား (Blue Plaque) တပ်ဆင်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်မှာ တပ်ဆင်လိုက်တာဖြစ်ပြီး အခမ်းအနားကို ရန်ကုန်တိုင်း၊ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ စထရင်းဟိုတယ်ကို   Aviet နဲ့ Tigran Sarkies ဆိုသူ အာမေးနီးယန်း ဟိုတယ်လုပ်ငန်းရှင်  ညီအစ်ကိုနှစ်ဦးက တည်ထောင်ခဲ့ပြီး ၁၉၀၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ စားသောက်ဆိုင်လုပ်ငန်းရှင် အာမေးနီးယန်းလူမျိုး Peter Bugalar Aratoon ဆိုသူ ဦးဆောင်တဲ့  ပိုင်ရှင်သစ်တွေက လွှဲပြောင်းရယူခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း စထရင်းဟိုတယ်ကို Imperial Hotel Tokyo က စီမံခန့်ခွဲခဲ့ပြီး ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ Yamato ဟိုတယ်အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။ စစ်အပြီးမှာ စထရင်းဟိုတယ် တည်ဆောက်ထားတဲ့ မြေနေရာကို စတီးဘရားသား ကုမ္ပဏီက ရူပီး ၁၀.၅ သန်းနဲ့ ဝယ်ယူခဲ့ပြီး မွမ်းမံပြင်ဆင်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု ကျဆင်းလာပြီး  ဟိုတယ်လည်း ယိုယွင်းလာခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ မြန်မာအစိုးရနဲ့ အင်ဒိုနီးရှား ဟိုတယ်လုပ်ငန်းရှင် Adrian Zecha ဆိုသူတို့ရဲ့ အကျိုးတူဆောင်ရွက်မှုနဲ့ ဟိုတယ်ကို ၃ နှစ်ကြာ ပြင်ဆင်ခဲ့ပြီး ပြန်လည်သက်ဝင်လာခဲ့ပါတယ်။ လက်ရှိမှာ စထရင်းဟိုတယ်ကို မြန်မာအစိုးရနဲ့  Strand Hotel International တို့အကြား အကျိုးတူဖွဲ့စည်းထားတဲ့ Myanmar Hotels International(MHI) က ဟိုတယ်ကို  စီမံခန့်ခွဲနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024