တူရကီတွင် ၈ ထပ်အဆောက်အဦတလုံး ပြိုကျ၊ လူ ၂ ဦးထက်မနည်း သေဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်နေ့က လူနေ ၈ ထပ် အဆောက်အဦတလုံး ပြိုကျခဲ့ပြီးနောက် ၂ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အဲဒီနေရာကနေ လူ ၃ ဦးကို ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ရက် ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ပြိုကျတဲ့တိုက်က အခန်း ၁၄ ခန်းမှာ လူ ၄၃ ဦး နေထိုင်တယ်လို့ မှတ်ပုံတင်ထားပြီး  အဆောက်အဦ အပေါ်ဆုံး ၃ ထပ်ကို တရားမဝင် ဆောက်ထားတယ်လို့ မြို့တော်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အောက်ဆုံးထပ်က အထည်အလိပ်လုပ်ငန်းကို လိုင်စင်မဲ့ လုပ်ကိုင်နေတယ်လို့ မြို့တော်ဝန်က ပြောကြားပါတယ်။ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ သမ္မတ အာဒိုဂန်ကလည်း အဆောက်အဦ ပြိုကျရာနေရာကို ပြည်ထဲရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတွေ စေလွှတ်ခဲ့တယ်လို့ အနာတိုလူ သတင်းဌာနက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up