ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲ ဗီယက်နမ်တွင် ကျင်းပမည်

ဓာတ်ပုံ - Getty
911
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်မှာ ကျင်းပမှာဖြစ်လို့ ဝမ်းမြောက်ကြောင်း ဗီယက်နမ်နိုင်ငံသားတွေက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောပါတယ်။
ဗီယက်နမ်နိုင်ငံသားတဦးက ဗီယက်နမ်ဟာ တံတားတစင်းလို ပေါင်းကူးပေးပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ဆောင်ကြဉ်းမယ့် ဆွေးနွေးပွဲကို အိမ်ရှင်အနေနဲ့ ကျင်းပခွင့်ရတာ အလွန်ကောင်းပါတယ်လို့ ပြောပါတယ်။
ဟနွိုင်းမြို့ခံတဦးကလည်း ခေါင်းဆောင်နှစ်ဦးကို တွေ့ရအောင် ဟနွိုင်းမှာကျင်းပဖို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်တို့ရဲ့ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။