အင်ဒို လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပါးရိုက်မှုဖြင့် ဗြိတိန်အမျိုးသမီးအား ထောင်ဒဏ် ၆ လ ချမှတ်

ဓာတ်ပုံ - Reuters
လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးကို ပါးရိုက်မှုနဲ့ ဗြိတိန်အမျိုးသမီးတဦးကို အင်ဒိုနီးရှား တရားရုံးက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အာဟိုဂျီတာကက်ဒါဆိုသူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ဘာလီကျွန်းလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးကို ပါးရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်တဲ့အတွက် အမေရိကန်ဒေါ်လာ ၄,၀၀၀ ဒဏ်ကြေးဆောင်ရမယ်လို့ အရာရှိက ပြောတဲ့အပေါ်မှာ သူက ဆဲဆိုပြီး အရာရှိကို ပါးရိုက်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးချိန်းဆိုချက်တွေကို တာကက်ဒါ အကြိမ်ကြိမ် ပျက်ကွက်ပြီးနောက်မှာ တာဝန်ရှိသူတွေက သူ့ကို တရားရုံးရှိရာ အတင်းအကျပ် ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ချမှတ်တဲ့ တရားရုံးစီရင်ချက်နဲ့ ပတ်သက်လို့ တာကက်ဒါက အယူခံဝင်မယ်ဆိုပြီး  ပြောခဲ့ပါတယ်။ တာကက်ဒါဟာ အစိုးရရှေ့နေတွေကို ရိုက်နှက်ကန်ကျောက်ခဲ့တယ်လို့လည်း အစိုးရရှေ့နေတဦးက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up