နယူးဇီလန်တောမီး သစ်တောဟက်တာ ထောင်ချီလောင်ကျွမ်း၊ အိမ်ထောင်စု ၁ဝဝ ခန့် ရွှေ့ပြောင်း

နယူးဇီလန်တောင်ပိုင်းကျွန်းက တောမီးဟာ သစ်တောဟက်တာပေါင်း ထောင်ချီ ကူးစက်လောင်နေပြီး အိမ်ထောင်စု ၁၀၀ ဝန်းကျင်ကို ဘေးလွတ်ရာ ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့က Pigeon Valley မှာ စလောင်ခဲ့တဲ့ တောမီးဟာ ညတွင်းချင်း အရှိန်နှစ်ဆမြင့်လာပြီး သစ်တော ၁,၈၇၀ ဟက်တာ လောင်ခဲ့တယ်လို့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်ပါတယ်။ ဒီအတွက် နေအိမ်တွေကို ဘေးလွတ်ရာပြောင်းခဲ့ပြီး ဒေသခံတွေဟာ အရပ်ဘက် ကာကွယ်ရေးစခန်းတွေမှာ ခိုလှုံနေပါတယ်။ တောမီးကြောင့် ထိခိုက်သေဆုံးရတဲ့ သတင်းတွေ မရသေးပေမယ့် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီတောမီးကို မီးသတ်တပ်ဖွဲ့ ၁၂ ဖွဲ့နဲ့ ညလုံးပေါက် ကြိုးပမ်း ငြှိမ်းသတ်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ ရဟတ်ယာဉ် ၁၀ စီးနဲ့ လေယာဉ် ၂ စင်းတို့ကို အသုံးပြု မီးငြှိမ်းသတ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up