ဟောင်ကောင်တွင် တရုတ်နှစ်သစ်ကူး အလှပြလှည့်လည်ပွဲ ပြုလုပ်

ဟောင်ကောင်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က တရုတ်နှစ်သစ်ကူး အလှပြလှည့်လည်ပွဲ ပြုလုပ်ပြီး လမ်းမတွေဟာ ပွဲတော်လာသူတွေနဲ့ စည်ကားခဲ့ပါတယ်။ အဲဒီ နှစ်စဉ်အလှပြပွဲကို ဈေးဝယ်ထွက်ရာနဲ့ ကောင်းလုံမြို့ ညအလှကို ခံစားရာ စင်းရှဆွေ လမ်းမထက် ပြုလုပ်ပြီး ထောင်နဲ့ချီတဲ့ ဧည့်ပရိသတ်တွေ လာရောက်အားပေးကြပါတယ်။ ပြည်မကြီးကနေ လာရောက်အားပေးသူတဦးက “အားလုံး ကြီးပွားတိုးတက်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ဟောင်ကောင်မှာ တည်ငြိမ်အေးချမ်းမှုရသလို ပြည်မကြီး ပြည်သူတွေရဲ့ဘဝ ပိုမိုကောင်းမွန်ဖို့ မျှော်လင့်တယ်” လို့ ပြောခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တရုတ်နှစ်သစ်ကူး အလှပြလှည့်လည်ပွဲမှာ ရောင်စုံအလှပြယာဉ် ၉ စီးနဲ့ ဖျော်ဖြေရေးအဖွဲ့ ၂၅ ဖွဲ့ ပါဝင်ပါတယ်။ ဖျော်ဖြေရေးအဖွဲ့မှာ ဟောင်ကောင်၊ ပြည်မကြီးနဲ့ သြစတြေးလျနဲ့ စပိန် စတဲ့ နိုင်ငံရပ်ခြား ဖျော်ဖြေရေးအဖွဲ့တွေ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up