မန်ယူနှင့် ချဲလ်ဆီး ချန်ပီယံလမ်းကြောင်းပေါ်တွင် ဆက်ရှိနေဆဲဖြစ်ဟု ဂွါဒီယိုလာ ပြော

မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေလည်း ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ချဲလ်ဆီးအသင်းက ထိပ်ဆုံးက လီဗာပူးနဲ့ ၁၂ မှတ် ကွာဟနေသလို မန်ယူအသင်းကလည်း ၁၄ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။ ဒီလို အမှတ်ကွာဟချက် များနေပေမယ့်လည်း နောက်ထပ် ပွဲစဉ် ၁၃ ပွဲက ၃၉ မှတ်အတွက် ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ ချန်ပီယံပြေးလမ်းကနေ ဖယ်ထုတ်လိုက်လို့ မရသေးဘူးလို့ ဂွါဒီယိုလာက ပြောကြားသွားတာ ဖြစ်ပါတယ်။ ချန်ပီယံပြေးလမ်းပေါ်မှာ စပါး၊ ချဲလ်ဆီး၊ မန်ယူတို့နဲ့အတူ အသင်း ၅ သင်း ၆ သင်းလောက်က ဆက်ရှိနေဆဲဖြစ်ပြီး မန်ယူအသင်းဟာ ပွဲစဉ်တိုင်း အနိုင်ရနေတဲ့အတွက် သူတို့ဟာလည်း ချန်ပီယံဆုအတွက် တိုက်ပွဲဝင်မှာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ အဲဒီလိုပဲ ချဲလ်ဆီးအသင်းက နိုင်ပွဲဆက်နေမယ်ဆိုရင်လည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိသေးတယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၃ မှတ်ပဲ ကွာဟတော့တာဖြစ်ပြီး ကြာသာပတေးနေ့မှာ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up