မြ၀တီခနောက်စိမ်းသန့်စင်စက်ရုံ တရားဝင် လိုင်စင်ချထားပေးခြင်းမရှိဟု ပြည်နယ်ဝန်ကြီးပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထီးချားရာကျေးရွာနဲ့ ဗျူဟာကုန်းတောင်အကြား ခနောက်စိမ်းသန့်စင်စက်ရုံဟာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှာ တင်ပြ လျှောက်ထားတာ မရှိသလို လိုင်စင်ချထားပေးတာလည်း မရှိဘူးလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးစိုးလှိုင်က ပြည်နယ်လွှတ်တော်မှာ  ပြောပါတယ်။ ရွှေကုက္ကိုသွားကားလမ်းရဲ့ မနီးမဝေးရှိ ခနောက်စိမ်းသန့်စင်စက်ရုံက ကျောက်မီးသွေးကို လောင်စာအဖြစ် အသုံးပြုထားလို့ ဒေသခံပြည်သူတွေ အနံ့ဆိုးနဲ့ စွန့်ပစ်ရေဆိုးဒဏ် ခံစားနေရတဲ့အတွက် ဒီစက်ရုံကို လိုင်စင်ချထားပေးတာ ရှိ၊ မရှိနဲ့ ဘယ်လို အရေးယူ ဆောင်သွားမလဲဆိုတာ သိရှိလိုပါကြောင်း မြဝတီမြို့နယ် မဲဆန္ဒ္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ကရင်ပြည်နယ်လွှတ်တော်မှာ ဖေဖော်ဝါရီ ၅ ရက်က မေးမြန်းခဲ့တာပါ။ အဆိုပါခနောက်စိမ်းစက်ရုံနဲ့ ပတ်သက်ပြီး တင်ပြလျှောက်ထားတာ မရှိသေးသလို လိုင်စင်ချထားပေးတာလည်း မရှိတာကြောင့် အဲ့ဒီလုပ်ငန်းကို ဌာနက စိစစ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး ဦးစိုးလှိုင် က ဖြေကြားခဲ့ပါတယ်။ အဲဒီ စက်ရုံကို တိုင်းရင်းသားလက်နက်အဖွဲ့တပ်ဖွဲ့တဖွဲ့က အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံသားတွေက ဝင်ရောက်လုပ်ကိုင်နေတာလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ သတင်း- ရဲမင်းခေါင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up