ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ချိန်ကို ညနေ ၄ နာရီ ပြောင်းလဲထုတ်ပြန်မည်
DVB
·
February 6, 2019
ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာပေါက်ဈေးကို ပုဂ္ဂလိကနဲ့ ငွေလဲလုပ်ငန်းတွေက ဈေးကွက်မှာရောင်းဝယ်တဲ့ ပေါက်ဈေးနဲ့ နီးစပ်စွာသတ်မှတ်ဖို့ ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ချိန်ကို ညနေ ၄ နာရီမှာ ပြောင်းလဲထုတ်ပြန်မယ်လို့ နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။
လက်ရှိ ကျင့်သုံးနေတဲ့ မနက်ပိုင်းမှာ သတ်မှတ်တဲ့ ဗဟိုဘဏ်ရည်ညွှန်းဒေါ်လာဈေးဟာ အမှန်တကယ် အရောင်းအ၀ယ်လုပ်နေတဲ့ ဈေးနဲ့ ကွာခြားချက်များနေတာကြောင့် ညနေပိုင်းမှာ ထုတ်ပြန်တာဖြစ်ပါတယ်။
ဒါကြောင့် တနေ့တာ ဒေါ်လာဈေးကွက်ရဲ့ မနက် ၉ နာရီကနေ မွန်းလွဲ ၃ နာရီအထိ ဈေးကွက်ပေါက်ဈေးကို တွက်ချက်ပြီး ညနေ ၄ နာရီမှာ ရည်ညွှန်းငွေလဲနှုန်းကို ဗဟိုဘဏ် ၀က်ဘ်ဆိုက်မှာ ဖော်ပြသွားမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။