ဒေါ်အောင်ဆန်းစုကြည်၏ ဖို့ဝိန်းခရီးစဉ်အပေါ် မေးမြန်းချက်
ပီတာအောင်
·
September 25, 2012
အမေရိကန်ပြည်ထောင်စုမှာ ၁၇ ရက်ကြာ ခရီးလှည့်လည်နေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကိုဒေသ စံတော်ချိန် စက်တင်ဘာလ ၂၅ ရက်နေ့ မနက်မှာ သွားရောက်ပြီး အမေရိကန်ရောက် မြန်မာတွေ နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
ဖို့ဝိန်းမြို့ဟာ အမေရိကန်ပြည်ထောင်စုမှာ မြန်မာအသိုင်းအ၀ိုင်းတွေ အများဆုံး နေထိုင်တဲ့ မြိုတမြို့ လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားပေါင်းစုံရော ၊ ဒေသခံအမေရိကန်တွေပါ ဧည့်ပရိသတ် သောင်းနဲ့ ချီလာရောက်မယ်လို့  စီစဉ်သူတွေက ခန့်မှန်းထားကြပါတယ်။
ဖို့ဝန်းမြို့တွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးကော်မတီက တာဝန်ခံ ဦးထွန်းဦးနဲ့ ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။