နောက်ခံလူ အဲရစ်ဘိုင်ယီ၏ ခြေစွမ်းကို မန်ယူနည်းပြ ဆိုးလ်ရှား သဘောကျ

1.7K
မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ခံလူ အဲရစ်ဘိုင်ယီကို အသင်းမှာ ဆက်ထိန်းဖို့ ကြိုးပမ်းတော့မှာဖြစ်တယ်လို့ သိရပါတယ်။
သည်ဆန်းသတင်းစာရဲ့ ဖော်ပြချက်အရ မန်ယူနည်းပြ ဆိုးလ်ရှားဟာ လက်စတာနဲ့ပွဲမှာ ပွဲထွက်ခွင့်ပေးခဲ့တဲ့ ဘိုင်ယီရဲ့ခြေစွမ်းကို နှစ်သက်သဘောကျနေပြီး လက်ကျန်ပွဲစဉ်တွေမှာ ဆက်ပြီး အသုံးပြုတော့မယ်လို့ ဆိုပါတယ်။
အသက် ၂၄ နှစ်ရှိ အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်ယီဟာ ဆိုးလ်ရှားလက်ထက်မှာ ပွဲကစားခွင့် နည်းပါးခဲ့တာကြောင့် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကလည်း အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး မန်ယူအသင်းက ပြိုင်ဘက်အသင်းတသင်းကို ရောင်းချလိုခြင်း မရှိတာကြောင့် ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲမှာလည်း အဲရစ်ဘိုင်ယီနဲ့ လင်ဒီလော့ဖ်တို့ ပွဲထွက်ကစားခဲ့ပြီး သူတို့နှစ်ဦးရဲ့ ခြေစွမ်းကို နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ဖူးပါတယ်။