အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြား

ဓာတ်ပုံ - Olivier Douliery/Abaca Press/TNS
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့က ကွန်ဂရက်မှာ နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီလို ပြောကြားရာမှာ သမ္မတက ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေအကြား ဆယ်စုနှစ်များစွာ ကြာမြင့်နေတဲ့ နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ် အခြေအနေကို အဆုံးသတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက် သမ္မတထရမ့်က ၁၀ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ HIV နဲ့ AIDS ရောဂါ ကင်းစင်ဖို့အတွက် ကွန်ဂရက်ထံက ရန်ပုံငွေ တောင်းခံသွားမယ်လို့ ပြောခဲ့ပါတယ်။ သမ္မတထရမ့်က တရုတ်ကုမ္ပဏီတွေဟာ အမေရိကန်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ဆယ်စုနှစ်ချီ ဉာဏပစ္စည်းတွေကို ခိုးယူနေတယ်လို့ သတိပေးလိုက်ပါတယ်။ သူက အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေး သဘောတူညီချက် အသစ်ရဖို့ ဆွေးနွေးနေတယ်လို့ပြောပြီး အဲဒီသဘောတူညီချက်အသစ်ဟာ တရားမျှတမှုမရှိတဲ့ ကုန်သွယ်ရေး အလေ့အကျင့်တွေကို အဆုံးသတ်ရမယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ သူ့အကြား ဆက်ဆံရေးဟာ ကောင်းမွန်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်သွားမယ်လို့ ကွန်ဂရက်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up