နျူကလီးယား ဒုံးကျည်သစ်များ ထုတ်လုပ်ရမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ပြော

ဓာတ်ပုံ - Reuters
နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဟာ ၂၀၂၁ ခုနှစ်မတိုင်မီ နျူကလီးယား ဒုံးကျည်သစ်တွေ ထုတ်လုပ်ရမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားဟာ စစ်အေးခေတ်နှောင်းပိုင်း ချုပ်ဆိုခဲ့တဲ့ နျူကလီးယားလက်နက် လျှော့ချရေးစာချုပ်ကို ယာယီဆိုင်းငံ့တယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ သမ္မတ ပူတင်က ရုရှားအနေနဲ့ ဒုံးကျည်သစ်တွေ ထုတ်လုပ်ရမယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ရုရှား ကာကွယ်ရေးဝန်ကြီးက မြေပြင်ပစ် ခရုဇ်ဒုံးကျည်သစ်နဲ့ မြေပြင်ပစ် အသံထက်မြန်တဲ့ ဒုံးကျည်သစ်တွေကို ၂၀၂၁ ခုနှစ်မတိုင်မီ ထုတ်လုပ်သွားဖို့ စစ်ဘက်ကို ညွှန်ကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up