Home
မြန်မာသတင်း
အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မြစ်ဆုံစီမံကိန်းကန့်ကွက်လှုပ်ရှားမှု ပခုက္ကူတွင်ပြုလုပ်
မြင့်နိုင်
·
February 6, 2019
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ မြစ်ဆုံစီမံကိန်းကိုကန့်ကွက်တဲ့ စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှုကို ပခုက္ကူမြို့မှာ  ပြုလုပ်ခဲ့ပါတယ်။ ပခုက္ကူမြို့ လူစည်ကားတဲ့ မြိုင်လမ်းဆုံနေရာနဲ့ ထင်းတန်းလမ်းဆုံရာမှာ အရပ်ဘက်အဖွဲ့အစည်း တချို့နဲ့ ကဗျာဆရာတွေ၊ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီး ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တာပါ။ ဒီပွဲကို ဦးဆောင်သူ  ကိုငြိမ်းစစ်ရာက “ကျနော်တို့ ဒီလက်ရှိ ၂၀၀၈ အခြေခံဖွဲ့စည်းပုံကို ပြည်သူလူထုရဲ့ ၉၂ ဒသမ ၄၈ ရာနှုန်းထောက်ခံတယ်လို့ပြောထားတယ်။ အခန်းပေါင်း ၁၅ ခန်းပါတယ်။ ပုဒ်မပေါင်း ၄၅၇ ခုပါတယ်။ ခုတော့ ဒီခြေဥကြောင့်ပဲ ပြည်တွင်းစစ်တွေ ခဏခဏ ဖြစ်တယ်။ ကြားထဲက စတေးပြီး သေနေတာ ပြည်သူလူထုလေအဲတော့ ကျနောက အရပ်ဘက် အဖွဲ့ အစည်း ပြည်သူတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်တာ”လို့ ပြောပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်ပျက်စီးမှာစိုးရိမ်တာကြောင့် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ ပါဝင်ခဲ့တာလို့ ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့သူတဦးက ဆိုပါတယ်။ ဒေါ်အေးအေးမူက “ပခုက္ကူမြို့ကဆိုရင် ဧရာဝတီမြစ်ဘေးမှာရှိတယ်။ ဒီမြစ်ဘေးတလျှောက် က ကျေးရွာတွေက ဒီမြစ်မှီတင်းပြီး နေထိုင်ရတာ ဒီမြစ်ကြီးသာ ပျက်သွားမယ်ဆိုလို့ရှိရင် မြစ်ဘေးနေပြည်သူတွေ အကုန်လုံးဒုက္ခရောက်မှာပါ။ ဧရာဝတီမြစ်တလျှောက် မြစ်ဝကျွန်းပေါ် အထိ ပြည်သူတွေအကုန်ဒုက္ခရောက်မှာပါ ဒါကြောင့် ဒီကန့်ကွက်ပွဲကို ပါဝင်တာပါ” လို့ ပြောပါတယ်။ ဒီလှုပ်ရှားမှုကို ပခုက္ကူမြို့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့မှာဆက်လုပ်ဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်း နိုင်ငံတ၀န်း မြို့ကြီး တော်တော်များများမှာလည်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024