သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းများနဲ့ လူဝင်စားကလေးတယောက်အကြောင်း ရုပ်ရှင် – The Prodigy (နမူနာ)
Published By
DVB | 6 February, 2019
1.9K
0
Share
0
Comment
0
Likes
VIDEO
သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Thriller အမျိုးအစား ရုပ်ရှင် - The Prodigy ကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ပွဲတော် Orion Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Nicholas McCarthy က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
Miles ဆိုတဲ့ ကောင်လေးဟာ မွေးကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ရိုးအေးတဲ့ ကလေးတယောက် ဖြစ်တယ်။ မွေးရာပါ မျက်လုံးတွေကလည်း တဖက်ကို တရောင်စီနဲ့ ဖြစ်နေခဲ့တဲ့ Miles ဟာ အရွယ်ရောက်လာပြီး မူမမှန်တဲ့ ဆိုးသွမ်းရက်စက်တဲ့ အပြုအမူတွေ ဖြစ်လာခဲ့ချိန်မှာတော့ ဒါဟာ ဘာကြောင့်ဖြစ်နိုင်မလဲ။ စိတ်ကုဆရာဝန်ကတော့ Miles ဟာ တယောက်ယောက်က လူဝင်စားအနေနဲ့ ဝင်စားတာဖြစ်ပြီး အဲဒီလူရဲ့ ရက်စက်တဲ့ အကျင့်စရိုက်တွေ၊ ဆိုးဝါးတဲ့ လက္ခဏာတွေ ပြလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊ မိခင်ဖြစ်တဲ့သူကရော ထိန်းချုပ်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ဒီကားထဲက အဓိကသရုပ်ဆောင် Miles နေရာမှာတော့ ဟောလိဝုဒ် ကလေးသရုပ်ဆောင် Jackson Robert Scott က ပါဝင်ထားပြီး တခြားသရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Taylor Schilling၊ Colm Feore နဲ့ Brittany Allen တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ သန်းကနေ ၆ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။