Home
မြန်မာသတင်း
ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် မြေအငြင်းပွားမှုဖြစ်နေသည့် မယ်စဲ့သာသာနယ်မြေကိစ္စ ပြေလည်မှုရရှိ
နော်နိုရင်း
·
February 5, 2019
မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကယားပြည်နယ် မယ်စဲ့မြို့နယ် ကတ်သလစ် သာသာနာမြေကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် အဆင်ပြေသွားပြီလို့ မယ်စဲ့တိုက်နယ် ကက်သလစ်သာသနာမြေ ကျောင်းထိုင်ဘုန်းကြီး ဖာသာရစ်ချက်သူရထွန်းက ပြောပါတယ်။ မယ်စဲ့တိုက်နယ်ရှိ ကတ်သလစ် သာသနာပိုင်မြေ အစိတ်အပိုင်းအချို့ကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ၀န်ကြီးချုပ် လုပ်ပိုင်ခွင့် အသုံးပြုပြီး သိမ်းပိုက်ထားခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီ ပါတီဗဟိုကို တိုင်ကြားထားတဲ့အမှု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီ အန်အယ်ဒီပါတီဗဟို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်း စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကတော့  ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၊ ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်တို့ လွိုင်ကော်မြို့ကို လာရောက်ပြီး ကတ်သလစ် သာသနာပိုင် ဗဟိုကျောင်းတိုက်မှာ သာသနာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ မြေအငြင်းပွားမှုဖြစ်ပေါ်နေတဲ့ မယ်စဲ့မြေနေရာကို ဒေါက်တာမျိုးညွန့် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုပြီး ညှိနှိုင်းပေးခဲ့လို အခုတော့ ပြေလည်သွားပြီ လို့ ဖာသာရစ်ချက်သူရထွန်းက ပြောပါတယ်။ “၀န်ကြီးချုပ်က ကျနော်တို့ တောင်းဆိုတဲ့အတိုင်း ပြန်ပေးဖို့နဲ့ ပြန်ပြီးတော့ နေရာသတ်မှတ်ဖို့ ဆိုပြီးတော့ တောင်းဆိုတယ်လေ။ ဒေါက်တာမျိုးညွန့်တို့ကလည်း ကျနော်တို့ တောင်းဆိုတဲ့အတိုင်း လိုက်ရောဖို့ ၀န်ကြီးချုပ်ကို သူတို့ပြောပေးတယ်လေ။ ၀န်ကြီးချုပ်လည်း သဘောတူတာပေါ့။ သူတို့လာ ညှိနှိုင်းပြီးတော့ ၀န်ကြီးချုပ်နဲ့ ပြန်ပြီးတော့ ဆွေးနွေးကြတယ်။ ” မယ်စဲ့တိုက်နယ် သာသာနာပိုင်မြေဟာ ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ကက်သလစ်သာသနာမြေနေရာအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။  ၂၀၀၆ ခု စက်တင်ဘာလ ၁၆ ရက်မှာ မယ်စဲမြေစာရင်းဌာနက မြေစာရင်ပုံစံ ၁၀၅ ထုတ်ပေးထားတယ်လို့လည်း မယ်စဲ့တိုက်နယ်ကက်သလစ်သာသနာက ထုတ်ပြန်ထားပါတယ်။ အဆိုပါ မြေနေရာဟာ မယ်စဲ့နဲ့ ထိုင်း-မြန်မာနယ်စပ် BP 14 ကားလမ်းမှာရှိပြီး ဦးအယ်ဖောင်းရှို ၀န်ကြီးချုပ်မဖြစ်ခင် ၂၀၁၄ ခုနှစ်က အဲဒီသာသနာမြေကို ရယူခဲ့တာလို့ ဆိုပါတယ်။ ဒီမြေအငြင်းပွားမှုကို အန်အယ်ဒီပါတီဗဟိုဌာနချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားခဲ့သလို ဘုရားကျောင်းတာဝန်ရှိသူတွေကလည်း သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီမြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို ပါတီ စည်းကမ်း ချိုးဖောက်မှုနဲ့ ပါတီက သတိပေးခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024