ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ရီးရဲလ်နှင့်ပွဲ လွဲချော်ဖွယ်ရှိ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းနိုင်သေးတဲ့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။ မက်ဆီဟာ ဗလင်စီယာနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လေ့ကျင့်ရေးဆင်းနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် နူးကမ့်ကွင်းမှာ ရီးရဲလ်အသင်းကို လက်ခံကစားရမှာ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက် အနည်းဆုံး တဂိုး သွင်းယူထားပါတယ်။ လာလီဂါပြိုင်ပွဲမှာလည်း စုစုပေါင်း ၂၂ ပွဲ ကစားအပြီး ၂၁ ဂိုး သွင်းယူကာ ဂိုးအများဆုံးစာရင်းမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။ မက်ဆီ မပါဝင်နိုင်တဲ့ အခြေအနေကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ရီးရဲလ်နဲ့ပွဲမှာ ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up