ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုရန် ဗင်နီဇွဲလား တပ်မတော်အား တိုက်တွန်း

ဓာတ်ပုံ - AFP
ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုဖို့ ဗင်နီဇွဲလား တပ်မတော်ကို လီမာအဖွဲ့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ လီမာအဖွဲ့ဝင် ၁၄ နိုင်ငံအနက် ၁၁ နိုင်ငံက ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတ အဖြစ် အသိအမှတ်ပြုပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့က နိုင်ငံရပ်ခြားမှာ သမ္မတ မာဒူရို အစိုးရ ငွေကြေးနဲ့ ကုန်သွယ်ရေး အရောင်းအဝယ်ကိစ္စတွေ လုပ်ဆောင်ခြင်း မပြုနိုင်အောင် တားဆီးပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဗင်နီဇွဲလားနိုင်ငံကို ပြည်ပကနေ စစ်ရေးအရ စွက်ဖက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုတဲ့ တခြား အီးယူနိုင်ငံတွေကတော့ သြစတြီးယား၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီနဲ့ ဆွီဒင်တို့ ဖြစ်ပါတယ်။ လီမာအဖွဲ့ဝင်နိုင်ငံ ဖြစ်ပေမယ့် မာဒူရိုကို ဖြုတ်ချတာ ဆန့်ကျင်တဲ့ မက္ကဆီကိုနိုင်ငံကတော့ ဒီအခမ်းအနားကို တက်ရောက်ခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up