Home
မြန်မာသတင်း
ပြည်သူ့ဝန်ဆောင်မှု မီဒီယာဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ
ပီတာအောင်
·
September 24, 2012
ဒီမိုကရက်တစ်မြန်မာ့အသံ၊ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆွီဒင်ရေဒီယို တို့က စီစဉ် ကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှုမီဒီယာအကြောင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့က အင်းလျားလိတ် ဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။ နှစ်ရက်ကြာကျင်းပမယ့် ဆွေးနွေးပွဲမှာ အစိုးရထိန်းချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာရှိခဲ့တဲ့ အစိုးရပိုင်မီဒီယာလုပ်ငန်းတွေကို  နိုင်ငံတကာအဆင့်မီ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ လုပ်ငန်းတွေ ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရေး နည်းလမ်းတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်လည်း တက်ရောက်ခဲ့သလို ပြည်တွင်းပြည်ပ မီဒီယာလုပ်ငန်း လုပ်ကိုင်သူ ၁၅၀ ၀န်းကျင် တက်ရောက်ခဲ့ကြ ပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံးအကြိမ် မီဒီယာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတခုကို စီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ရောက်ရှိနေတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ဒု ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက အခုလိုပြောပါတယ်။ [caption id="attachment_31200" align="alignleft" width="300" caption=" ဒီမိုကရက်တစ်မြန်မာ့အသံ ဒု ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း"][/caption] “ဒီနေ့လုပ်တာက Public Service Broadcasting နဲ့ပတ်သက်လို့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ကျနော်တို့ မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေ၊ ပြန်ကြားရေးဌာနက တာဝန်ရှိသူတွေ သိရှိအောင် ရှင်းပြတဲ့ အခြေအနေပါ။ ထူးခြားချက်က မြန်မာမီဒီယာသမားတွေကြားမှာ အတွေ့အကြုံဗဟုသုတ နည်းသေးတဲ့ ပြည်သူ့ဝန်ဆောင်မှု စာနယ်ဇင်း လုပ်ငန်းနဲ့ ပတ်သက်လို့ ရှင်းပြတဲ့ အစီအစဉ်တွေ များပါတယ်။” ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကလည်း မြန်မာနိုင်ငံက နိုင်ငံတော်ပိုင် မီဒီယာတွေကို ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်း ဖြစ်အောင် ပြောင်းသွားမယ့်အကြောင်း မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို အစိုးရရုပ်မြင်သံကြား၊ ပုဂ္ဂလိက လိုင်းတွေဖြစ်တဲ့ MRTV-4၊ SkyNet၊ တခြား FM အသံလွှင့်ဌာနတွေအပါအ၀င် အသံလွှင့်မီဒီယာအားလုံးနီးပါး တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာသူတွေက ပြည်သူ့ဝန်ဆောင်မှုမီဒီယာလုပ်ငန်းရဲ့ အဓိက အသက်ရှင် ရပ်တည်ရေး ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြတယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။ “ပညာရှင်တွေ ပြန်ဖြေတာက ဆွီဒင်မှာဆိုရင် ပြည်သူတွေရဲ ထောက်ပံ့ကြေးနဲ့ ရပ်တည်တယ်။ လန်ဒန်မှာလည်း ဘီဘီစီလည်း ဒီအတိုင်းရပ်တည်တယ်။ ဥပမာ ထိုင်းနိုင်ငံမှာကျတော့ အရက်နဲ့ စီးကရက်ရောင်းလို့ရတဲ့ ငွေကနေပြီး ရာခိုင်နှုန်းအချို့ကို ကောက်ယူတယ်၊ အဲဒါနဲ့ ရပ်တည်ကြတယ်။ အဲလိုမျိုး မေးခွန်းတွေ၊ သိချင်တာတွေကို မေးကြပါတယ်။” ပြည်သူ့ဝန်ဆောင်မှုမီဒီယာလုပ်ငန်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းလာ ချိန်ကျရင်တော့ လူထုအတွက် အကျိုးရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024