Home
မြန်မာသတင်း
ကျန်းမာရေးနှင့်ညီညွတ်စွာ ဆိုင်များဖွင့်လှစ်ရောင်းချသည့် စာသင်ကျောင်းများကို ဆုချီးမြှင့်  
ဆုဆုသွယ်
·
February 5, 2019
၂၀၁၈-၁၉ ပညာသင်နှစ်အတွင်းမှာ ကျန်းမာရေးနှင့် ညီညွတ်စွာရောင်းချနေတဲ့ စားသောက်ဆိုင်တွေရှိတဲ့ ရန်ကုန်မြို့က အခြေခံပညာစာသင်ကျောင်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးအပ်လိုက်ပါတယ်။ ဂုဏ်ပြုဆုတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နမိတ်အတွင်းမှာရှိတဲ့ မြို့တွင်းက ကျောင်းတွေ အပါအ၀င် မြို့ပြင်ဘက်က ကျောင်းတွေကိုပါ ပေးအပ်ခဲ့တာပါ။ အခုလို ဆုချီးမြှင့်ပေးဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ အခြေခံပညာကျောင်းတွေကို ကွင်းဆင်းလှည့်လည် သွားရောက်ကာကျန်းမာရေးနဲ့ ညီညွတ်စွာ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး လုပ်ဆောင်ခဲ့တာပါ။ စစ်ဆေးတာတွေကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်ခွဲကာ တနှစ်မှာ ငါးကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပြီး  ရှောင်တခင် ၀င်ရောက်စစ်ဆေးတာတွေလည်း လုပ်ဆောင်ခဲ့တာပါ။ ဒီပညာသင်နှစ်မှာတော့ ဆုရရှိတဲ့ အခြေခံပညာအထက်တန်းနဲ့ အလယ်တန်းကျောင်းပေါင်း ၃၇ ကျောင်း ရှိခဲ့ပါတယ်။ ဂုဏ်ပြုဆုတွေချီးမြှင့်တဲ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတွေ၊ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဆုရရှိတဲ့ကျောင်းတွေက ကျောင်းအုပ်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024