လီဗာပူးနှင့် ဝက်စ်ဟမ်း ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 5 February, 2019
1.8K
0
Share
0
Comment
0
Likes
VIDEO
ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ လက်ကျန်ပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ လီဗာပူးတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက် ၁ ဂိုးစီ သရေကျသွားပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂၄ မှာ လက်စတာနဲ့ သရေကျခဲ့သလို ဒီပွဲမှာလည်း သရေကျတဲ့အတွက် နှစ်ပွဲဆက် နိုင်ပွဲပျောက်ပြီး အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်ပဲ ကွာဟတဲ့အနေအထား ဖြစ်သွားပါတယ်။
အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာတဲ့ လီဗာပူးအသင်းဟာ အိမ်ရှင် ဝက်စ်ဟမ်းအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
ပထမပိုင်း ၂၂ မိနစ်မှာ လီဗာပူးကွင်းလယ်လူ မီလ်နာ ပေးပို့တဲ့ဘောလုံးကို မာနေးက ကန်သွင်းပြီး လီဗာပူး ဦးဆောင်ဂိုး ရခဲ့ပေမယ့် ၂၈ မိနစ်မှာပဲ အိမ်ရှင်အသင်းအတွက် အန်တိုနီယိုက ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။
ဒီ့နောက် ပွဲချိန် ဒုတိယပိုင်းမှာ လီဗာပူးအသင်း ပိုမိုထိုးဖောက်ကစားခဲ့ပေမယ့် ခံစစ်အားပြုလာတဲ့ အိမ်ရှင်အသင်းကြောင့် ထင်တိုင်းမပေါက်ဘဲ တဂိုးစီ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ဒီပွဲအပြီးမှာ လီဗာပူးအသင်းက အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သလို ဝက်စ်ဟမ်းအသင်းကလည်း အဆင့် ၁၂ နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။