ဘယ်သူ့ရာဇသံမှ လက်မခံဟု ဗင်နီဇွဲလား သမ္မတ ပြော

1.7K
“ဗင်နီဇွဲလားဟာ ဘယ်သူပေးတဲ့ ရာဇသံကိုမှ လက်မခံဘူး” လို့ သမ္မတ နီကိုးလပ်စ်မာဒူရုက စပိန်တီဗီရှိုး တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
အဲဒီ တွေ့ဆုံမေးမြန်းခန်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့တာပါ။
သမ္မတမာဒူရိုက သူသာလျင် တဦးတည်း သမ္မတအာဏာကို ကျင့်သုံးနေသူဖြစ်ပြီး ကြားဖြတ်သမ္မတ ဟွမ်ဂွယ်ဒိုဆိုတာ မရှိဘူးလို့ ဖြေကြားပါတယ်။
ဒါ့အပြင် မာဒူရိုက နိုင်ငံအတွင်းရှိ အတိုက်အခံအင်အားစုဟာ စစ်ရေးအုံကြွမှု ဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားမှာ ပြည်တွင်းစစ် ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတဲ့မေးခွန်းကို သမ္မတ မာဒူရိုက “အဲဒါဟာ အမေရိကန်နဲ့ အနောက်ကမ္ဘာခြမ်းက မဟာမိတ်တွေရဲ့ ရူးနှမ်းမှုနဲ့ ရန်လိုမှုအပေါ် မူတည်တယ်”လို့ ဖြေကြားသွားပါတယ်။
အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ကိုလည်း သမ္မတ မာဒူရိုက အဲဒီ တွေ့ဆုံမေးမြန်းခန်းမှာ တိုက်တွန်းခဲ့ပါတယ်။