ချဲလ်ဆီးလူငယ်ကစားသမား အိုဒွိုင်းလ်ကိုရရှိရေး ဆက်လုပ်မည်ဟု ဘိုင်ယန်ပြော

1.3K
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် ချဲလ်ဆီးအသင်းဘက်က အပြင်းအထန်ပယ်ချခဲ့လို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ အိုဒွိုင်းကို ထပ်မံခေါ်ယူနိုင်ရေး ဘိုင်ယန်မြူးနစ်က ဆက်လက်ကြိုးပမ်းနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နီဂီက “တခါနဲ့ ခေါ်ယူလို့မရရင် နောက်တခါထပ်ကြိုးစားရမယ်” လို့ ပြီးခဲ့တဲ့ ရက်ပိုင်က အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အိုဒွိုင်းလ်ဟာ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးရှိ ကစားသမားဖြစ်သလို ဘိုင်ယန်အသင်းကလည်း ကစားသမားကောင်းတွေ လိုချင်တာကြောင့် လက်လျော့မှာမဟုတ်ဘဲ ပြောင်းရွှေ့ကြေးထပ်တိုးပေးပြီး ခေါ်ယူသွားဖို့ရှိနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ချဲလ်ဆီးနည်းပြ ဆာရီကလည်း အိုဒွိုင်းဟာ ဥရောပက ၁၈ နှစ်အရွယ် ကစားသမားထဲမှာ အကောင်းဆုံးကစားသမားတဦးဖြစ်တာကြောင့် ရောင်းချလိုခြင်းမရှိသေးသလို ချဲလ်ဆီးရဲ့ အနာဂတ်ဖြစ်နေသလို အင်္ဂလိပ်ဘောလုံးလောကရဲ့ အနာဂတ်ဖြစ်တယ်လို့ ချီးကျူးထားခဲ့ပါတယ်။