အယ်ဖွန်ဆိုကွာရွန် DGA ကချီးမြှင့်သည့် အကောင်းဆုံးဒါရိုက်တာဆု ရရှိ

မက္ကဆီကန် ဒါရိုက်တာ အယ်ဖွန်ဆိုကွာရွန်ဟာ "Roma"  ရုပ်ရှင်နဲ့ အမေရိက ဒါရိုက်တာများ အစည်းအရုံး (DGA) က ချီးမြှင့်တဲ့  အကောင်းဆုံး ဒါရိုက်တာဆုကို ဖေဖော်ဝါရီ ၂ ရက်နေ့က ရရှိခဲ့ပါတယ်။ ဒါဟာ နောင် ၃ ပတ်အကြာမှာ ပြုလုပ်မယ့် အော်စကာထူးချွန်ဆု မတိုင်ခင် တစ်ပြေးနေတဲ့ သူ့ရုပ်ရှင် အနေအထားကို ပိုမိုခိုင်မာစေပါတယ်။ အဖြူအမည်းရုပ်ရှင် "Roma" ဟာ ၁၉၇၀ ၀န်းကျင်ကာလ အိမ်အကူတယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ DGA ထူးချွန်ဆုဟာ အော်စကာဆု ရနိုင်တဲ့ အမှတ်လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကစလို့ DGA ထူးချွန်ဆုရ ရုပ်ရှင်တွေထဲက ၇ ကားဟာ အကောင်းဆုံး အော်စကာဒါရိုက်တာဆုနဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ရခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up